Chapter 44(full chapter)

7.4K 1.1K 98
                                    

ကျင်းဘုရင်ဟွေ့ဂူ(12)

Hee hee hee hee

ကျန်းချိုး ဖေးချင်ကိုကြည့်ရင်းမေးလိုက်၏။

"ဘာကျင်းဘုရင်ဟွေ့လဲ?"

ဖေးချင် သူတို့ကိုတစ်ချိန်လုံးတစ်ခုခုဖုံးကွယ်ခဲ့သည်ဆိုလျင်တောင် စုမိသားစုအကြောင်းသာဖြစ်ပြီး ထိုအကြောင်းကလဲဖြေရှင်းပြီးသားမဟုတ်ပါလား။ ဖေးချင်ကချက်ချင်းဖေးချင်မဟုတ်ဘူးဆိုတာဘယ်လိုဖြစ်နိုင်ပါလိမ့်?

သူတို့ ပင်မဂူထဲမှာပြန်ဆုံထဲကအတူတူရှိနေခဲ့ကြသည်ပင်။ ဖေးချင်က ဟွေ့အနေနဲ့ဘယ်တုန်းကပြောင်းသွားသည်လဲ။

ကျန်းချိုး ဖေးချင်ကိုယ်ကိုယူသွားသည့်ကျင်းဘုရင်ဟွေ့၀ိညာဥ်ကိုအလွန်အမင်းစိတ်တိုသွား၏။ သူသေခြင်းရှင်ခြင်းလက်တစ်လုံးကြားကြုံပြီးချိန် လင်းတန်နှင့် ဖေးချင်ကိုသူငယ်ချင်းလိုသဘောထားသည်ဖြစ်ရာထို၀ိညာဥ်ကိုစိတ်စိုးသည်ကဖြစ်သင့်သည်။

"ကျတော်ဘယ်သူလဲ ကျတော်တကယ်မသိဘူး"

ပြောနေသည့်ဖေးချင်မျက်နှာကတော့ဇဝေဇဝါဖြင့်။

"ကျတော်နိုးလာလာချင်းကျတော့စိတ်နောက်ကွယ်မှာအကြာကြီးရှိနေခဲ့တဲ့တစ်ခြားတစ်ယောက်က်ရဲ့မှတ်ဉာဏ်တွေပဲရှိနေတယ်"

ကျန်းချိုး ဖေးချင်အသံက ကျင်းဘုရင်ကသူ့ကိုယ်ကိုယူထားတာမဟုတ်သည့်အသံနေအသံထားကြောင့် ခေါင်းကပတ်ချာချာလည်သွား၏။

"အ အရှင်မင်းကြီး?!"

လင်းတန်အထိတ်ထိတ်အလန့်လန့်ဖြင့် လျှာခလုတ်တိုက်သွားသည့်အဖြစ်ကိုကြည့်ရင်း ဖေးချင်ပြုံးလိုက်ရင်း သူ့လက်ထဲကဖီးရှန်ပုတီးစေ့ကိုလန်းတန်ရင်ပတ်နားတင်ပေးလိုက်၏။ လင်းတန်မှာကြောက်လွန်း၍မလှုပ်ရဲ။ သူ့ရင်ပတ်ပေါ်ကလက်အပူချိန်က သူ့ကိုယ်ပင်အရည်ပျော်ကျမတတ်ပင်။

ကျန်းချိုးဖေးချင်လင်းတန်လေးကိုပေးနေသည့်လက်က လင်းတန်ရဲ့တို့ဖူးကိုစားချင်နေတယ်ဟုသာခံစားနေရ၏။
(T/N it means အခွင့်ကောင်းယူခြင်း or အသားယူခြင်း)

:ဘာ ဘာတွေဖြစ်ကုန်တာလဲ:ကျန်းချိုးစိတ်ထဲတွင်သာပြောလိုက်မိသောစကားရယ်ပါ။ သူစကားထစ်သွားသည်ကအဆန်းတော့မဟုတ်။ ထိုကျားကျားယားယားစစ်သားဖေးချင်က လင်းတန်ရင်ပတ်ပေါ်ကနေအောက်ဆီ လက်ဆန့်ချလိုက်သောကြောင့်ပင်။

သွေးစုပ်ဖုတ်ကောင်၏ သန္ဓေသားနှင့်အတူနိုးထခြင်း(MMtranslation)Where stories live. Discover now