Chapter 78(full chapter)

2.9K 503 59
                                    

ပါဆယ်ထုပ်ကိုင်ထားသည့် ချီရှီလက်တို့က တဆတ်ဆတ်တုန်ရီလျက်။ ကျန်းချိုးလည်းစိုးရိမ်မိတာအမှန်။ အခြေနေတွေအားလုံးက တင်းမာလျက်။

"တစ်ယောက်ယောက် စတာနေမှာပါ"

သေချာစူးစိုက်ကြည့်နေသည့် ချီရှီကို ကျန်းချိုးပေါ့ပါးဟန် စကားလမ်းကြေဲာင်းလွှဲလိုက်သလို ချီရှီကလည်း အင်သာ အသံပြန်ပြုလျက် စိတ်ကိုတည်ငြိမ်အောင်လုပ်ရင်း ပါဆယ်ထုပ်ကိုဖွင့်ကြည့်လိုက်၏။ အထဲမှာ ဝါးသေတ္တာတစ်လုံးရှိပြီးထိုအပေါ်မှာ ကျောက်စိမ်းပြား။ ထိုကျောက်စိမ်းပြားပေါ်မှာ သွေးစတို့က မြေပုံတစ်ခုကို ထင်ထင်ရှားရှားဖော်ဆောင်ထားလျက်။ ချီရှီ ထိုကျောက်စိမ်းပြားကို သေချာပင်မကြည့်တော့ပဲ ​ကျန်းချိုးဆီပစ်ပေးရင် ဖွင့်ကြည့်လိုက်၏။ တဒိတ်ဒိတ်ခုန်နေသည့် နှလုံးခုန်သံတို့က အဖုံးဖွင့်ချိန်တွင် ရပ်တန့်သွားတော့သည်။

သေတ္တာပွင့်သွားပေပြီ။

ထိုထဲတွင်တော့ သွေးပေလွှမ်းနေဝည့် မျက်လုံးတစ်စုံက ငြိမ်ငြိမ်သက်သက်လေး နေရာယူထား၏။

ကျန်းချိုးနောက်သို့ အလန့်တကြားဆုတ်လိုက်မိ၏။ ဒါက....လူ့မျက်လုံးတစ်စုံ။

ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်လျက်။

သေတ္တာကိုဆုပ်ကိုင်ထားသည့် ချီရှီလက်ထိပ်တို့ပြာနှမ်းကုန်ပြီး

"ငါသူတို့ကိုသတ်ပစ်မယ် သတ်ကိုသတ်ပစ်မယ်"

"ဖြစ်နိုင်တာက..."

ကျန်းချိုးရဲ့ ခြောက်ကပ်ကပ်လေသံတို့က နှစ်သိမ့်ဖို့အတွက် အရည်အသွေးမမှီလှ။

" တစ်ခြားတစ်ယောက်ယောက်ဟာပဲ ဖြစ်မှာပါ..."

လီစူး ကြမ်းပေါ်က ပါဆယ်ထုပ်ကိုကောက်ရင်း

"ဒီမှာစာတစ်စောင်ပါတယ်"

ဝါးသေတ္တာကိုဖက်ထားသည့် ချီရှီက တစ်ကိုယ်လုံး ထိန်းမနိုင်သိမ်းမရဒေါသတို့ဖြင့်လွှမ်း၍ အချိန်မရွေး ပုံစံပြောင်းပြီးထွက်သွားနိုင်သဖြင့် ဖေးချင်တို့ထိန်းထားရသလို လီစူးလည်း စာအမြန်ဖွင့်ဖောက်လိုက်၏။

သွေးစုပ်ဖုတ်ကောင်၏ သန္ဓေသားနှင့်အတူနိုးထခြင်း(MMtranslation)Where stories live. Discover now