Chapter 51.2

4.7K 830 26
                                    

ထိုလူက ပန်းသီးတစ်လုံးကိုင်လျက် ဝံပုလွေအပြုံးနှင့် ရှောင်းကျန်းလေးကိုစားမလားဟု​မေးနေသော်လည်း ရှောင်းကျန်းလေးကတော့ ကျောခိုင်းထားလျက်နှင့် ကျန်းချိုးပေါ်နာခံစွာထိုင်နေရင်း အသားခြောက်ဝါးနေ၏။ တစ်ချက်ကလေးတောင်လှည့်ကြည့်ဖော်မရလိုက်။ လီစူးကပိုတောင်မဆီလျော်သည်ကိုပင်ထပ်လုပ်နေသေး၏။ လက်ကိုဆန့် ကျန်းချိုးလက်က ပေါင်မုန့်ကိုသုပ်ပေး ရေဘူးကမ်း ကျန်းချိုးလှမ်းယူမလို့ရှိသေး အတင်းတွေပါးစပ်နားတေ့ပေးပြီးတိုက်.....ထိုထိုသောမြင်ကွင်းတစ်စုံရှေ့က ချီရှီမှာတော့

"ဖွီး ဟားဟားဟား"

မအောင့်မအီးနိုင်စွာရယ်ရင်းနှင့် ပိုင်ကွန်ဂန်ကိုကြည့်ရင်း

"တော်လောက်ပြီ မင်းမျက်နှာအိုကြီးမြင်နေရတာ ငါပင်ပန်းနေပြီ ဒီမှာပြဿနာလာမရှာနဲ့တော့"

မျက်နှာအိုဆိုသည့်စကားကြောင့် ရေသောက်လက်စ ရှောင်ကျန့်မှာ  ရေပင်သီးသွားပြီး အထိတ်တလန့် ချီရှီပါးစပ်ကိုပိတ်တားလိုက်၏။ ထို့နောက် စိုးရိမ်တကြီးဖြင့် ပိုင်ကွမ်ဂန်ကိုတောင်းပန်လေသည်။

"ဆရာပိုင် ချီရှီက နေပြင်းလို့ အဓိပ္ပါယ်မရှိတာလျှောက်ပြောမိတာပါ ဗွေမယူပါနဲ့ တောင်းပန်ပါတယ်"

ချီရှီနှင့်သူ့အကူတို့မျက်နှာ နီသွားလိုက်ဖြူသွားလိုက်ဖြစ်နေချိန် ပိုင်ကွမ်ဂန်မျက်နှာမှာတော့ စိမ်းသွားလိုက်ဖြူလာလိုက်နှင့်ပင် အဝေးသို့ထွက်သွားလေသည်။

ချီရှီကတော့ဗိုက်နိပ်ရယ်နေဆဲနှင့်

"ပျော်ဖို့ကောင်းလိုက်တာ ငါသူ့ကိုတစ်စက်မှမကြိုက်ဘူး မြင်နေရတာကို crossဖြစ်တာကြာပြီ"

"အကိုချီ ဘယ်သူ့ကိုမှမကြိုက်ရင်တောင် သူတော့ဖြစ်လို့မဖြစ်ဘူး အမဖန်သာသိသွားရင် ကျတော့်ကိုသတ်လိမ့်မယ်"

ရှောင်ကျန့်မှာ မြေပေါ်ပြန်ထိုင်ကာ ဘန်းမုန့်ကိုထိုင်ဝါးလျက် ငိုမဲ့မဲ့ဖြစ်နေရင်းမှ အမဖန်ကိုဘယ်လိုရှင်းပြရမည်ကိုအကြံအိုက်နေဟန်ပင်။

ထိုစကားဝိုင်းကိုသိပ်စိတ်၀င်မစားသော ကျန်းချိုးသည် ထိုပိုင်ကွမ်ဂန်ကိုမကြားဖူးသဖြင့် သိချင်လှပြန်၏။ထို့ကြောင့်ပင် ရှောင်ကျန့်အား

သွေးစုပ်ဖုတ်ကောင်၏ သန္ဓေသားနှင့်အတူနိုးထခြင်း(MMtranslation)Where stories live. Discover now