Chapter 23.1

11.3K 1.5K 60
                                    

အတိတ်ဘဝ(1)

ကျန်းချိုး လီစူး၏ အန္တာရာယ်အငွေ့အသက်အပြည့်စကားတို့ကိုကြားရပြီးသကာလ နှလုံးခုန်သံတို့ကျယ်လောင်လာလျက် သူ၏ အနည်းငယ်မျှသောမသိစိတ်တခုတည်းကိုသာ မဖုံးနိုင်မဖိနိုင် မထိန်းချုပ်နိုင်ခဲ့။ ...ဖြစ်နိုင်သည်က လီစူးလည်း သူ့အပေါ်တိမ်းညွှတ်နိုင်သည်ပဲလေ...။

ထိုအတွေးအမျှင်လေး ရစ်ပတ်တွယ်ငြိလာပြီးသော် ကျန်းချိုး သူ့ယခုကိစ္စကြီးပေါ် လုံးဝအာရုံစိုက်လေတော့သည်။ မျက်နှာက ပေါက်ကွဲထွက်မတတ်နီမြန်းနေသော်လည်း သတ္တိအပြည့်ဖြင့်ပါ..သူ့အောက်ပိုင်းက ရိုးသားစွာပင် သိသိသာသာကြီး တဖြေးဖြေးချင်းစီ အောက်ကိုပွတ်ပွတ်ဆွဲနေလေတော့သည်။

***လှုပ်ရှားလိုက်စမ်းပါ..ခများကြီးလုပ်ချင်နေတာတွေကို..လာပြီး နိုးဆွလှည့်ပါဦး***

ကျန်းချိုး စိတ်လှုပ်ရှားလည်း လှုပ်ရှားသကဲ့သို့ သူယောင်္ကျားအရင်းအမာကြီးတစ်ယောက်အပေါ် ပထမဦးဆုံး တိမ်းညွှတ်သွားခြင်းကိုလည်း ရင်ခုန်နေမိပြန်သည်...ထိုသူက သူ့အားလည်းစိတ်ဝင်စားပုံပေါ်သလိုလိုပင်။..ဒါထက်ပျော်စရာကောင်းတာ ဘယ်မှာရှိလိမ့်မလဲ။

"ပါး!!!"

လက်ဝါးတစ်ဖက်က သူ့ကုန်းကော့နေသော တင်စိုင်တင်သားတို့ထံ ခတ်ဆတ်ဆတ်ရိုက်သံနှင့်အတူရောက်ရှိလာလေသည်။ မနာသော်လည်း ကျန်းချိုးနားရွက်တို့နီမြန်းသွားရလေပြီး ရှက်ခြင်းလား..စိတ်လှုပ်ရှားခြင်းပေလားမခွဲတတ်။ ထို့နောက်တွင် လက်အေးအေးတစ်ဖက်က သူ့ခါးဆီသို့ပွတ်သတ်လာလေပြီး ထို့နောက်မှသည် ဝမ်းဗိုက်အောက်ဆီသို့ ပွတ်လာသည်ကို ကျန်းချိုး သတိထားလိုက်မိလေသည်။

"ပြီးသွားတာလား?"

လီစူး၏ မေးသံတို့တွင် ရယ်သံတို့က အတိုင်းသားရောစွတ်နေလျက်..

ကျန်းချိုး အထုတ်ကြီးဖြေချပြီးချိန်တွင် တော်တော်ကြီး ပျော့ပျောင်းသွားသလိုခံစားလိုက်ရလေသည်။ လီစူး၏ စကားသံကိုကြားရပြီးမှ ရှက်ရွံ့ခြင်းကြီးကို ရင်ဝယ်ပိုက်ရကောင်းမှန်းနားလည်သွားရလေပြီး ရလိုက်လေသော နောင်တတစ်ချို့ကြောင့် မျက်နှာကြီးနီမြန်းသွားရပြီး ဒေါသရောင်ပြေးသွားလေသည်။ သူလီစူးလက်ကိုဖယ်လိုက်ရင်း ထိုလက်ကို ရွံ့စရာလိုခွဲခြါးဆက်ဆံလိုက်လေပြီးသော်ကား သူ့t-shirtဖြင့် မှုခင်းတစ်ခုလုံး၏ သက်သေမှန်သမျှကို ကြိုးစားမာန်တက် ဖုံးကွယ်လိုက်လေသတည်း။

သွေးစုပ်ဖုတ်ကောင်၏ သန္ဓေသားနှင့်အတူနိုးထခြင်း(MMtranslation)Where stories live. Discover now