Chapter 50(full chapter)

6.5K 959 88
                                    

ချီရှီမှာ ဤကိစ္စအပေါ်သိပ်အာရုံထားပုံမပေါ်။ အီလေးသံဆွဲဖြင့်သာ

"တိုက်ဆိုင်လိုက်တာ မင်းတို့ဘယ်သွားမှာလဲ ငါက ဟာမီသွားမှာ ဟာမီက ဖရဲသီးတွေအရမ်းကောင်းတယ်ကြားတယ်"

"အကိုချီ အမဖန်က ကျတော်တို့ခရီးစဥ်ကိုဘယ်သူ့မှမပြောရဘူးလို့မှာထားတယ်"

ဘေးကရှောင်ကျန့်က ၀င်သတိပေးလိုက်သော်ငြား မျက်စိတစ်၀က်သာဖွင့်ထားသည့်ချီရှီက ပြီတီတီမျက်နှာပေးပြောင်းလျက် တိုးတိုးနှင့်

"ငါပြောပြီး​ပြီလေ ငါပြောတာတွေ မကြားချင်ယောင်ဆောင်လိုက်လို့"

ကြားက ကျန်းချိုး ရယ်ဟဟလုပ်ရင်း

"တကယ့်ကိုတိုက်ဆိုင်တာပဲ ငါတို့တွေလည်း တစ်နေရာထဲသွားကြမှာ "

လုဖန် ရှူတင်ဘယ်မှာမှန်းသိရှိသွား၏။

"အခုတကယ့်ကို တိုက်တိုက်ဆိုင်ဆိုင်ဖြစ်သွားပြီပေါ့"

ပြောရင်း ကျန်းချိုးဆီ ချီရှီ တမင်သက်သက်တိုးသွားလိုက်သဖြင့် ကျန်းချိုး ချီရှီ၏ ပြစ်မျိုးမှဲ့မထင် မျက်နှာချောကိုအသေးစိတ်ကြည့်ရသွား၏။ တကယ့်ကိုခံ့ညားပြီးဆွဲဆောင်မှုအပြည့်ရှိသည့်မျက်နှာပင်။ တကယ်လို့ လီစူးသာ ထိုသူက ရှဲကျီဆိုသည့်အမှန်ကိုသာမပြောခဲ့ပါလျင် သူ ထိုသူကို ဉာဏ်နီဉာဏ်နက်များသည့် မျက်နှာများသူအနေဖြင့်သာ ဆက်ဆံမိပေလိမ့်မည်။

လီစူး ချက်ချင်းအနောက်ကနေ ကျန်းချိုးကိုသူ့ဖက် ဆွဲဖက်လိုက်ရင်း ချီရှီကို ခပ်ထန်ထန်ကြည့်လိုက်၏။ ချီရှီ ကျွတ်တချက်စုတ်လျက်နှင့် ကျန်းချိုးကိုကြည့်ပြောလိုက်၏။

" မင်းငါ့ရဲ့ရုပ်ရည်မှာ မျောသွားလို့ ဒီကိုတမင်သက်သက်လိုက်လာတယ်လို့ ငါထင်ခဲ့တာ"

ပုခုံးတစ်ချက်တွန့်ကာ လီစူးကိုအေးစက်စက်အကြည့်တစ်ချက်ပို့ရင်း

"ကြည့်ရတာ ငါအတွေးလွန်သွားတာဖြစ်မယ်"

ကျန်းချိုးစိတ်တစ်နေရာတွင်တော့
:မင်းက အများကြီးပိုချောရင်တောင် ငါ့လီစူးကပဲနိုင်မှာပေါ့ :

သွေးစုပ်ဖုတ်ကောင်၏ သန္ဓေသားနှင့်အတူနိုးထခြင်း(MMtranslation)Where stories live. Discover now