Chapter 15.1

12.4K 1.8K 70
                                    

ဖီးနစ်​​သွေး (4)

ဖီးရှန်​​ဟွေ့ဝမ်​ဆိုသူ၏ အသွင်​ပြင်​က အ​တော်​ကြီး ကြည့်​​ကောင်း၏။ ကျန်းချိုး နံရံ​ဆေးပန်းချီထဲတွင်​သာ မြင်​ဖူးခဲ့​သော်​လည်း ဦး​နှောက်​ထဲစွဲ​နေခဲ့​လေသည်​။ ဖြစ်​နိုင်​ပါတယ်​​လေ...အဘယ်​​ကြောင့်​နည်းဆို​တော့ကာ သူ့အကိုလတ်​ ယု​ရွှေနှင့်​ ဘုရင်ငယ်​​လေးမှာ အ​တော့ကို တူ​နေတာဖြစ်​ပြီး ထိုဘုရင်​နှင့်​ ဖီးရှန်​တို့၏ ​ဆေး​ရောင်​စုံအသွင်​ကလည်း အ​တော်​ကြီး အဆင့်​တန်းမြင့်​​နေ​သော​ကြောင့်​ပင်​။

တကယ်​လို့ လီစူးက သူ​တွေ့ဖူးသမျှထဲ အခန့်​ဆုံးအ​ချောဆုံးဆိုလျှင်​ ထိုဖီးရှန်​မှာ မိန်းမပိုဆန်​သည်​ဟုဆိုရ​ပေမည်​။ ထိုဖီးရှန်​တွင်​ မိန်းမဆန်​​အောင်​လှ​သော အလှတရားတစ်​ချို့က ​ယောင်္ကျားကြီးတန်​မဲ့ ​နေရာယူပြီး မ​ချောသည်​မဟုတ်​..မိန်းမရှုံး​အောင်​လှသူပင်​။

(T/N @ShangHwar ဖီးရှန်​က ဘယ်​​နေရာလဲဆိုတာရှင်းသွားပြီထင်​တယ်​.right?.)

ကျန်းချိုး တစ်​လမ်း​လုံး​တောင့်​ခံလာ​သော်​လည်း ကားရပ်​ချိန်​တွင်​ သည်းမခံနိုင်​​တော့။ ​လောင်​ဒါးမှာ သူဗိုက်​ဆာ၍ ပြာ​လောင်​​လောင်​ဖြစ်​​နေသည်​ဟုပင်​ ထင်​​နေ​သေး၏။ ထို့​ကြောင့်​ လီစူးဖက်​ ရယ်​ဟဟဖြင့်​ ​ပြောလိုက်​​လေသည်​။

"လီစူး..မင်းတို့ဟာ မင်းတို့ ကိစ္စရှင်းလိုက်​ကြ..ငါအဲ့အ​ကြောင်းကို ​နောက်​မှ မင်းနဲ့​ပြော​တော့မယ်​"

ကား​မောင်းသမားမှာ ​လောင်​ဒါးကို စိတ်​မရှည်​​တော့။

"Mr.​ကျင်း boss​စောင့်​​နေတယ်​"

"ချက်​ချင်းသွားကြတာ​ပေါ့..အခုသွားကြမယ်​"

လောင်​ဒါးထွက်​သွားပြီးချိန်​တွင်​ ကျန်းချိုး လူ​တွေဝင်​ထွက်​​နေသည့်​ ဟိုတယ်​၀င်​​ပေါက်​ကို​တွေ့လိုက်​ရ​လေသည်​။ သူစကားအများကြီး​ပြောဖို့အားမရှိ​တော့..အထူးသဖြင့်​ ဤ​နေပူကျဲတဲထဲတွင်​..

"အခန်းထဲအရင်​သွားပြီးမှ ​ပြောကြတာ​ပေါ့"

ချန်​ရှား(changsha)မှာရှိတဲ့ဟိုတယ်​ကို စီစဉ်​ခဲ့သူက ​လောင်​ဒါး​နောက်​ကွယ်​က သူ​ဋ္ဌေးဆိုသူပင်​။ မြို့လယ်​​ခေါင်​မဟုတ်​​သော်​လည်း ဇိမ်​ခံဟိုတယ်​မှန်းသိသာပြီး ​ဈေးက​တော့လည်း ရှယ်​မည်​ဆိုတာအ​သေအချာပင်​။

သွေးစုပ်ဖုတ်ကောင်၏ သန္ဓေသားနှင့်အတူနိုးထခြင်း(MMtranslation)Where stories live. Discover now