Chapter 22(full chapter)

12.7K 1.7K 91
                                    

ဖီးနစ်သွေး(11)

ကျန်းချိုး သူ့နက်နက်နဲနဲအတွေးအတွက် သူကိုယ်တိုင်တောင်ပြန်ကြောက်နေရ၏။ လီစူး​ေနာက်လိုက်လာရင်းက သူ့ကိုယ်တစ်ခုလုံး တုန်တုန်တက်သွား၏။ တကျွိကျွိမြည်နေသော သစ်လှေကားကနေ အခန်းရှေ့ရောက်ချိန်တွင် လီစူး၏နောက်ကျောကိုကြည့်ပြီး သူ့ရွှေဦးနှောက်မှ သတိပေးသံအချို့ကမြည်လာပြန်လေသည်။

"လီစူး!?"

အော်လိုက်မိသော သူ့ခမျာမှာ အသံပင်ပြာတက်သွားလေသည်။ သူ့အရှေ့က လီစူးလည်း လမ်းလျှောက်နေရာမှရပ်လိုက်ချိန်တွင် အခြေအနေက တော်တော်ကြီးထူးဆန်းနေပြီး သူ၏ ရှိလက်စခြောက်ခြောက်ခြားခြားအတွေးတို့ ပိုပိုဖြစ်ထွန်းလာလေသည်။

"ခများက တကယ့် လီစူးလား?"

ကျန်းချိုး တံတွေးခက်ခက်ခဲခဲမြိုချပြီးမေးပြီးသော် သူအမှတ်မမှားဘူးဆိုပါလျင် သူအခုကြည့်နေသော လီစူးဆိုသူ၏ နောက်ကျောက လှုပ်လိုက်သလိုပင်။
***fuck..ဒါ ငါ့အတွေးကနေပဲ တကယ်လီစူးမဟုတ်ဘူးဆိုတာကို သက်သေထူးလိုက်တာပဲ...ဟုတ်တယ်မဟုတ်လား...ဟုတ်တယ်တော့ လုပ်ပေးပါ***

လီစူး ရုတ်တရက်သူ့ဖက်ကို မျက်နှာအပြားကြီးနှင့် တစ်လှမ်းခြင်း တစ်လှမ်းခြင်းလှမ်းလာချိန် သစ်သားကြမ်းပြင်ကြီးကလည်း တကျွိကျိဖြင့်။ အခု ထိုခြေသံတို့မဆိုထားနှင့် သူဆီလာနေသည့် ..လီစူးဆီမှလာဟန်ရှိသော လေပြေလေးတို့ကပင် ရင်ကို တဆတ်ဆတ်တုန်စေလေသည်။...

"ခများ..ခများ..ခများ"

ကျန်းချိုး အတောင့်လိုက်ကြီးတဆတ်ဆတ်တုန်နေရာသို့ လီစူးရောက်လာပြီး လီစူး၏ ခေါင်းက ကျန်းချိုး၏ လည်ပင်းဆီသို့ တဖြေးဖြေးငုံ့ချလိုက်လေသည်။ ကျန်းချိုး သူ့လည်ပင်းတွင် ဘူးသီးလုံးလောက်သော ကြက်သီးတို့ထသွားရလေသည်။

"ကိုယ်က လီစူးမဟုတ်ဘူး"

***ဘာကြီး...fuck fuck fuck***

ကျန်းချိုး သူ့ဝင်သက်ထွက်သက်တွေကို မျက်ဖြူဆိုက်နေသည့်ကြားက အနိုင်နိုင်ထိန်းလိုက်ရ၏။ ဖီးရှန်က သူတို့ဘေးဘက်အခန်းတွင်ရှိနေတာဖြစ်ပြီး သူအခုအော်ခေါ်ပြီး မြန်မြန်ဝင်သွားလိုက်ရင်ကော အချိန်မှီနိုင်ပါသေးသလား?

သွေးစုပ်ဖုတ်ကောင်၏ သန္ဓေသားနှင့်အတူနိုးထခြင်း(MMtranslation)Kde žijí příběhy. Začni objevovat