Chapter 21.1

10.5K 1.5K 26
                                    

ဖီးနစ်သွေး (10)
ဖီးနစ်=ဇာမဏီဌက်

ဂူလမ်းတစ်ခုလုံး ကျန်းရှီးတို့နှင့်ပြည့်နှက်သွားပြီး လှုပ်ရှားမှုမရှိကြတော့သော်လည်း အသက်ရှိနေကြသေးမှန်း သူတို့၏ တရှုံ့ရှုံ့နှင့်အနံ့ခံနေသည့် အသက်ရှူသံတို့က အတိုင်းသားသက်သေခံနေလျှက်။ အခြေအနေတစ်ခုလုံးကတော့ အေးစက်ငြိမ်သက်သွားလျက်ရှိပါသော်ငြား အန္တာရာယ်အငွေ့အသက်ကတော့အပြည့်ပင်။

ကျန်းချိုး ဓားမြှောင်ကိုလက်ကကိုင်လျက် သူ့မျက်စေ့ရှေ့ အနီးဆုံးကျန်းရှီကိုကြည့်လိုက်တော့ မလှုပ်ရှားမှန်းသေချာနေသဖြင့် ယုရွှေ ကို ထိကိုင်ရန်ကြိုးစားလိုက်လေသည်။ သို့သော် လီစူးက အလျင်အမြန်ပင် သူ့လက်အားပြန်ဆွဲထားလေသည်။ ဒီလောက်အလျင်အမြန်ပြန်ဆွဲတာတောင် လောင်ကျွမ်းနေသောအပူရှိန်က သူ့လက်ထိတ်ဖျားကနေ သူ့ကိုယ်ထဲသို့ စီးဝင်လောက်အောင် ပူနေသဖြင့် သူ့ရင်ပါ တလှပ်လှပ်ဖြစ်သွားရလေသည်။
***ဘာ ဘာလို့ ဒီလောက်တောင်ပူရတာလဲ..ခန္တာကိုယ်ကြီးကကော ဘာဖြစ်မှာလဲ***

အပူရှိန်က ဘယ်လောင်တောင်လာဟပ်နိုင်သလဲဆိုရင် ဘေးမှာ ကြက်ဥထားရင်တောင် မီးမလိုပဲတူးနိုင်သည့် အရှိန်မျိုး။ ဖီးရှန်ဟွေ့၀မ်မှာလည်း မြေပြင်ပေါ် နာကျင်မှုဒဏ်အလူးအလိမ့်ခံစားနေရပြီး သူ၏ ဖြူဖျော့ဖျော့အသားအရေအောက်က သွေးတို့တလိမ်းလိမ်းစီးကျနေသဖြင့် အချိန်မရွေးတစစီကွဲထွက်သွားမည်ကဲ့သို့ပင်။

"ကျတော်တို့ ဘာလုပ်သင့်လဲဟင်"

လီစူး ကျန်းရှီတို့ကိုတစ်လှည့် ဖီးရှန်ဟွေ့၀မ်တို့ကိုတလှည့်ကြည့်ရင်း ဘာဆက်ဖြစ်ကြမလဲမသိသော်လည်း လမ်းစတစ်ခုတွေ့သွားပုံပင်။

"ဒီသုံးပွင့်ဆိုင်မှာ အချိတ်အဆက်ရှိတယ်..ယုရွေကိုကြည့် သူ့မျက်နှာက အဆင်ပြေနေသလိုဖြစ်ရင် ဖီးရှန်ဟွေ့၀မ်က နာကျင်မှုဒဏ်ကိုအလူးအလိမ့်ခံစားနေရတယ်..သွေးတွေမြန်မြန်ဆင်းလေလေ ဒီကျုံးကျီးတွေကလည်း ငြိမ်သွားလေလေပဲ"

လီစူးရဲ့စကားတို့က အမှန်ဖြစ်နေသော်လည်း ဒါက အဖြေမဟုတ်လေသောကြောင့် ကျန်းချိုး နည်းလမ်းရှာလိုက်၏။

သွေးစုပ်ဖုတ်ကောင်၏ သန္ဓေသားနှင့်အတူနိုးထခြင်း(MMtranslation)Where stories live. Discover now