Chapter 15.2

13K 1.7K 58
                                    

နောက်​မနက်​ ကျန်းချိုးနိုးလာချိန်​တွင်​​တော့ အိပ်​ရာ​ဘေးတွင်​ လီစူးရှိမ​နေခဲ့..​ရေချိုးခန်းထဲမှာ​ကော..ကျန်းချိုး လီစူးကိုမသိမသာ​လေးရှာမိခဲ့သည်​။ သို့​သော်​..သူ့ဘာသူသာ ​ရေချိုးခဲ့ရ​လေသည်​။

တံခါး​ခေါက်​သံကြား၍ လီစူးအထင်​ဖြင့်​ တံခါးအ​ပြေးအလွှား​လေး သွားဖွင့်​​ပေးမိ​သော်​လည်း တံခါး​ရှေ့ရပ်​​နေသူက ကျင်း​လောင်​ဒါးပင်​။
လောင်​ဒါးမှာ ယခုမှလတ်​လတ်​ဆတ်​ဆတ်​​ရေချိုးပြီး​လေ​သော...သဘတ်​တစ်​ထည်​သာပတ်​ထားသည့်​ ကျန်းချိုးအား အ​မှောင်​လွှမ်း​သော အကြည့်​တို့ဖြင့်​ ကြည့်​လိုက်​​လေသည်​။

"အာ...ညီငယ်​​လေး..ငါတို့ ဒါကို စလုပ်​ကြ​တော့မှာ..ငါတို့ကို ကူညီပါလား...အာ..ညီ​လေးက လီစူးကို ခွန်​အား​လေး ပြည့်​​စေနိုင်​တဲ့သူ​လေ"

ကျန်းချိုး ထို​ဝေ့လည်​​ကြောင်​ပတ်​ကြီးအား ပထမ အူ​ကြောင်​​ကြောင်​ကြီးနဲ့ အထာမ​ပေါက်​လိုက်​။ အထာ​ပေါက်​ချိန်​တွင်​​တော့ ​ဒေါသတို့ မျက်​နှာထက်​ ယှက်​သန်းသွားပြီး သူ့ကိုသူလည်း ပိုပြီး ​ယောင်္ကျားပီသဟန်​ပြင်​လိုက်​​လေသည်​။

"ခများကြီး ဘာအဓိပ္ပါယ်​မရှိတာ​တွေလာ​ပြော​နေတာလဲ..ကျ​တော်​နဲ့ လီစူးက ညီအကိုလို ဆက်​ဆံ​ရေးဗျ"

ကျန်း​လောင်​ဒါး ထပ်​စဖို့ပြင်​လိုက်​​သော်​လည်း ​နောက်​​ကျောမှ ​ကျောထဲ စိမ့်​​သွား​စေ​သော လွမ်းမိုးမှုတစ်​စုံတစ်​ရာ​ကြောင့်​ ​နောက်​လှည့်​ကြည့်​လိုက်​မိ​တော့....လက်​ထဲတွင်​ နှင်းဆီပန်းစည်းကိုင်​ထားပြီး သူ့ကို ​​ရေခဲအကြည့်​တို့ပို့လွှတ်​​နေပါ​သော လီစူး။ ​လောင်​ဒါး​ဘေးဖက်​ ကမန်းကတန်းဖယ်​လျက်​ တုန်​တုန်​လှုပ်​လှုပ်​ပင်​ သွားကြီးဖြဲပြလိုက်​​လေသည်​။

"အလုပ်​ကိစ္စ​ပြော​နေကြတာပါ...တကယ်​ အလုပ်​ကိစ္စပါ"

လီစူး နွားပွဲစားလိုပြုံးပြ​နေ​သော ​လောင်​ဒါးကို ဥပက္ခာတရားလက်​ကိုင်​ထားလျက်​နှင့်​ သူ့လက်​ထဲက ပန်းစည်း​လေးအား ကျန်းချိုးလက်​ထဲ တယုတယထည့်​​ပေးလိုက်​​လေသည်​။

သွေးစုပ်ဖုတ်ကောင်၏ သန္ဓေသားနှင့်အတူနိုးထခြင်း(MMtranslation)Where stories live. Discover now