Chapter 37(full chapter)

9.3K 1.3K 78
                                    

ကျင်းဘုရင်ဟွေ့ဂူ(5)

ဖေးချင် ချော်လဲသွားသည့်စု၀မ်တင်အားဆွဲထူရင်း အောက်ကအရိုးတို့ကိုပါကောက်လိုက်၏။

မိုးရွာထားသဖြင့် မြစ်ရေတက်လာသောကြောင့် အရိုးတို့ကိုဆေးပေးလိုက်သလိုဖွေးဖွေးဖြူနေ၏။ ဖေးချင် ဓာတ်မီးဖြင့်ထိုအရိုးကိုဆန်းစစ်နေချိန် ရွံ့ရေလူးထားသည့် စု၀မ်တင်တစ်ယောက် ဖေးချင်၏ သူမအပေါ် ဥပက္ခာပြုသည့်အမူအရာကြောင့် ဆွဲကိုင်ထားပေးသည့်သူ့လက်မောင်းကိုပြန်ရုန်းလိုက်၏။

"အဆင်ပြေလား?"

အခုမှ သူ့ဆီအာရုံရောက်ပြီး မေးလာသော ဖေးချင်ကို မျက်စောင်းထိုးရင်း ကားပေါ်တက်သွားသူက စု၀မ်တင်။ ကူလဲကူရသေး ကျေးဇူးတင်မခံရပဲ အမုန်းခံလိုက်ရသူ ဖေးချင်ကတော့ မျက်မှောင်ကြုတ်ရင်း အူကြောင်ကြောင်ကြီးကျန်ခဲ့လျက်။

ကျန်းချိုးမှာ ဖေးချင်မျက်နှာမကောင်းသဖြင့် လှမ်းမေးလိုက်၏။

"ဘယ်လိုလဲ အရိုးတွေက တစ်ခုခုထူးခြားလို့လား လူ့အရိုးရောဟုတ်ရဲ့လား?"

"လူ့အရိုးမဟုတ်ဘူး"

ဖေးချင်အဖြေကြောင့် သူ၀မ်းပဲသာရမလား စိတ်ပဲပျက်ရမလားမသိတော့။ စိတ်ပျက်ရမည်က သူတို့နေရာမှန်မဟုတ်ခြင်းကြောင့်။ နေရာမှန်ရင် လူရိုးရှိရမည်မဟုတ်လား။

သို့သော် ကတုံးဆိုသူရောက်လာပြီး ဖေးချင်လက်ထဲက အရိုးကိုဆွဲယူစစ်ဆေးလိုက်၏။

"ဒီနေရာပဲ"

ကတုံးမှာ လွတ်ခဲ့သည့်၇နှစ်လောက်က ဒီနေရာကိုတစ်ခေါက်ရောက်ခဲ့ပြီးဖြစ်၍ အမှတ်သားကြီးချန်ခဲ့သော်လဲကြာကလဲကြာမှောင်ကလဲမှောင်နေသဖြင့် မမြင်ရခြင်းပင်။

"ဂူထဲမှာ တိရိစ္ဆာန်မြှုပ်ခဲ့တာ"

ပြောရင်း မြစ်ထဲက တောင်ပို့ကိုကြည့်လိုက်၏။

"တစ်ခုခုဖြစ်ခဲ့တယ်ထင်တယ်"

"အဲ့တာနောက်မှပြောတော့ အခုသွားကြည့်ရအောင်"

ပင်းချွမ်ပြောပြီးသည်နှင့် လျို့ညီအကိုတစ်သိုက်ရော်ဘာလှေတို့ကိုကားထဲကမြန်မြန်ထုတ်ရင်း ကျန်းချိုးကိုကြည့်လာ၏။

သွေးစုပ်ဖုတ်ကောင်၏ သန္ဓေသားနှင့်အတူနိုးထခြင်း(MMtranslation)Where stories live. Discover now