Chapter 59(full chapter)

5.3K 902 97
                                    

အလွန်ရှည်သည့်အပိုင်းဖြစ်သဖြင့် စာလုံးအမှားများစွာပါ၀င်နိုင်ပါသည်။

ကျုံးရှန်ပြည်(6)

ကျန်းချိုးsleeping bagကိုဖွင့်လိုက်ပြီး ရှောင်းကျန်းကိုအရင်ထည့်လိုက်ချိန် ရှောင်းကျန်းလေး အိပ်ချင်မူးတူးဖြင့် ကျန်းချိုးအင်္ကျီကော်လံကိုဆွဲက ဖေဖေလို့ခေါ်နေ၏။

"သားလိမ္မာလေး ဖေဖေဒီမှာ"

ကျန်းချိုးတိုးတိုးပြောရင်း ရှောင်းကျန်းလေးကိုချော့သိပ်လိုက်၏။ သိပ်မကြာခင် အိပ်မက်ယောင်နေသည့် ရှောင်းကျန်းလေးပြန်အိပ်ပျော်သွား၏။ ကျန်းချိုးလည်း ၀င်အိပ်လိုက်ချိန် ဒါလီစူးရဲ့အိတ်ဆိုသည့်အတွေးက သူ့တစ်ကိုယ်လုံးကို တီကောင်ဆားတို့မိသလို တွန့်လိမ်သွားစေ၏။ တကယ်နွေးပြီး ဇိမ်ရှိတယ်။

ထိုအချိန် အသံတိုးတိုးက ဘေးကနေထွက်လာ၏။

"ငါ့ကိုအရှက်မရှိဘူးလို့ပြောတဲ့မင်းအခုမင်းမျက်ခွက်ကိုမှန်ထဲကြည့်လိုက်စမ်းပါဦး ဘယ်လောက်များအရှက်မဲ့နေလဲ ကြည့်လိုက်စမ်းပါ"

သူ့ဘေးနားလေတိုးသံလို အသံတိုးတိုးနှင့်စကားကြောင့် ကျန်းချိုးအလန့်တကြားဖြစ်သွားသလို ထိုလူပုံရိပ်ကလည်း သူ့နားတိုးတိုးလာပြီး နောက်ဆုံးတော့ ချီရှီရဲ့  ကျီဆယ်နေသည့်မျက်နှာကပေါ်လာ၏။ ကျန်းချိုး ချီရှီမျက်နှာနားမှီရာလှမ်းတွန်းလိုက်ပြီး

"မင်းဘာတွေလုပ်နေတာလဲ?"

"ထိုင်ခုံက အိပ်လို့မကောင်းလို့ မင်းတို့နဲ့အတူတူအိပ်ပါရစေ"

ထို့နောက် ချီရှီ ကျန်းချိုးလက်ကိုအသာအယာတွန်းရင်း

"ရှောင်ချိုးချိုး ဒီကရှန်းနန်အတွက် ဟိုဘက်နည်းနည်းတိုးပေး"

ကျန်းချိုးဘေးကို ညှာတာစွာတိုးပေးလိုက်သော်လည်း သူ့ကျောနောက်ကအေးခနဲဖြစ်သွားသဖြင့် ချက်ချင်းခြေထောက်ထုတ်ပြီးချီရှီကိုကန်လိုက်၏။ ချီရှီအော်သံကအတော်ကျယ်သဖြင့် ဟိုဖက်က သက်တော်စောင့်တွေပါ ဓာတ်မီးထိုးကြည့်လာကြ၏။

"ငါတို့စနေကြတာ ဒီအတိုင်းစနေကြတာ"

ကျန်းချိုးကြောင်တောင်တောင်ရယ်လိုက်ရင်း

သွေးစုပ်ဖုတ်ကောင်၏ သန္ဓေသားနှင့်အတူနိုးထခြင်း(MMtranslation)Where stories live. Discover now