Chapter 42(full chapter)

7.3K 1.2K 41
                                    

ကျင်းဘုရင်ဟွေ့ဂူ(10)
........လူစုံပြီ.....

လီစူးစကားဆုံးသည်နှင့်တစ်ပြိုင်တည်းလှုပ်ရှားလိုက်သဖြင့် နံရံပေါ်ကခလုပ်နှင့်တူသောဘုမှာ လီစူးလက်ဖဝါးအောက်ကြေမွသွားလေသည်။ ကျောက်နံရံကြီးမှာလည်းတကျွီကျွီဖြင့်နှစ်ဖက်လုံးတစ်ဖြေးဖြေးပွင့်လာ၏။

ထိုနံရံတို့နောက်တွင်တော့ သချင်္ိင်းဂူတစ်ခုရှိနေပြီး ကနဦးပျောက်ဆုံးနေသည့်စု၀မ်တမ်မှာ အခေါင်းအပေါ်တွင်ထိုင်လျက်ရှိနေလေသည်။ တံခါးပွင့်လာသဖြင့် သူမလှည့်ကည့်လာသဖြင့် ကျန်းချိုးကတော့မျော်လင့်ထားသလိုပဲအော်လိုက်ချိန် စု၀မ်တင်မျက်စံတို့ကတော့ အဖြူလုံးလုံးဖြစ်လုနီပါးပင်။

"ကိုကိုလီစူး ကျမနဲ့အတူနေဖို့ဆန္ဒရှိလား ?"

လီစူးကိုစကားပြောချိန်တွင်တော့မျက်စံတို့ကနဂိုအတိုင်းပြန်ပြောင်းသွားပြီး အခေါင်းပေါ်ခြေတွဲချထိုင်နေသောခြေထောက်တို့ကတစ်လှုပ်လှုပ် မျက်နှာထက်တွင်လည်းပြုံးတုံ့တုံ့။ ထ်ု့နောက်ကျန်းချိူးအားရွံ့ရှာစွာကြည့်လျက်အငေါထူးလိုက်၏။

"သူကဘာကောင်းလို့လဲ သူက ကိုကိုနဲ့တစ်စက်ကလေးမှမလိုက်ဖက်ပါဘူး ကိုကိုလီစူးရယ်"

ကျန်းချိုး စု၀မ်တင်မျက်နှာပေါ်တံတွေးပစ်ထွေးချင်တော့၏။ သူကအဖက်ဖက်ကပြည့်စုံတဲ့သူပါနော် ပြီးလီစူးကအကန်းကြီးလဲမဟုတ် ဒါ့အပြင် သူတို့မှာ ကျန်းရှီးလေးလဲရှိနေပြီပဲလေ။

လီစူးမျက်နှာကတော့ဘားမှထူးခြားခံစားသွားရသည်မရှိ မလှုပ်မယှက်နှင့်သာ။ စု၀မ်တင်စူပုပ်သွားရလေပြီးခပ်ခပ်ထန်ထန်ကျယ်ကျယ်လောင်လောင်ပြောလာ၏။

"ဟိုးသေးသေးလေးကနေ အကြီးကြီးအထိ ကျမလိုချင်ရင်ဘယ်သူမှတားလို့မရဘူး ကျမက်ုတားရဲတဲ့သူရှိရင်လည်း ဟိုစုမိသားစုက ညီအကိုလိုငရဲပို့ပစ်မယ် ငရဲပို့ပစ်မယ်!"

သူမရဲ့နောက်ဆုံးစကားအရောက်တွင်တော့သူ့မျက်အိမ်ကျယ်လာလျက် အရူးတစ်ပိုင်းလိုပင်။

ချီးပဲ။ ကျန်းချိုးစု၀မ်တင်စကားကိုမကြောက်သော်လည်း သူမစကားတို့က အကျိုးအကြောင်းစပ်ဆက်ကြည့်လိုက်မိ၏။ ဖေးချင်ပြောဖူးသည့်စုကျီချိုင်တွင်သားနှစ်ယောက်ရှိခဲ့သည်ဆိုသည့်အကြောင်း။ ဖေးချင်မေးလိုက်၏။

သွေးစုပ်ဖုတ်ကောင်၏ သန္ဓေသားနှင့်အတူနိုးထခြင်း(MMtranslation)Where stories live. Discover now