Chapter 5.2

14.4K 1.8K 42
                                    

Unicode

နံနက်ခင်းလေးက သာယာသော်လည်း ရေဘဝဲတစ်ကောင်ကဲ့သို့ လီစူးအပေါ်ခွအိပ်မိခဲ့သော ကျန်းချိုးတစ်ယောက် မသာယာနိုင်တော့ပေ။ သူ၏ အိပ်သည့်အကျင့်မကောင်းသည်ကို သူသိသော်လည်း ဤမျှအရှက်ရစရာကောင်းလှမည်ဟု ဘယ်တုန်းကမှ မတွေးခဲ့မိ။ ယခုအခါတွင် ကျန်းချိုး ရှက်စိတ်မွန်ထူစွာဖြင့်ပင် လီစူးအားမော့ကြည့်လိုက်မိလေသည်။ ထိုအဖြစ်အား တစ်စက်ကလေးမျှ သတိမထားမိသူ လီစူးမှာ 'မင်္ဂလာ နံနက်ခင်းပါ´ဟူ၍ပင် နှုတ်ဆက်နေသေး၏။ လီစူး၏ သွင်ပြင်အား ကြည့်ရင်း အတွေးများနေရသူမှာ ကျန်းချိုးပေတည့်။

***ငါ့အိပ်ပုံကြီးက သူ့အတွက် ဘာအနှောက်အယှက်မှမဖြစ်ဘူးလား....သူ့ကြည့်ရတာ ငါ့အိပ်ပုံကြီးကိုတောင် ကြိုက်နေသလိုလိုပဲ***

သူတို့နှစ်ဦးတဲပြင်ထွက်လိုက်သည်ဆိုသည်တွင် အပြင်တွင် တိုးစိမွစိ တိုင်ပင်နေကြသော လူတစ်အုပ်ချက်ချင်း တိတ်သွားလေသည်။

***ဒီလူတွေက လီစူးနဲ့ တစ်လှေထဲသွားတွေမဟုတ်မှန်း ပိုသေချာသွားပြီ***

နံနက်စာအတွက် စည်သွပ်အမဲသားနှင့် ဘီစကွတ်မုန့်ပြင်ပေးသူမှာ လောင်အာဖြစ်ပြီး ကျန်းချိုးဝေစုကို လီစူးကြောင့် မလျော့ရဲ။ သို့ပါသော်လည်း အသားနံ့ရလျင်ရချင်း အန်ချင်စိတ်ပြည့်လျှံသွားသူမှာ ကျန်းချိုး။ ဆိုးဝါးလှသော အနံကြီးကြောင့် ထိုးအန်လိုက်ရပြန်သည်။

"မနက်စောစောစီးစီး ဒီလို သောက်ကျက်သရေမရှိတာတွေ မလုပ်လို့မရဘူးလား..နင်ကောင်တစ်ကောင်နဲ့ ညားပြီး ကိုယ်ဝန်ရှိနေတာလား..ဟမ်?"

လီစူးထိုအပေါက်ဆိုးဆိုး လောင်စန်းအား အေးစက်စက်အကြည့်တို့ပို့လွှတ်လိုက်သည်တွင် လောင်စန်းယခင်ကဲ့သို့ရန်ပြန်မရှာပဲ ကုတ်သွားလေသည်။ ကျန်းချိုးခမျာ ဘားမှပြန်မပြောနိုင်ပေ။ အမှန်တကယ်လည်း သူကိုယ်ဝန်ဆောင်နေရသည်ပဲ။ သူ့ဝေစု အသားအား လီစူးဆီပေးရင်း ဘီစကွတ်ကို ရေနှင့်သာ မျောချရလေတော့သည်။
•••••

သွေးစုပ်ဖုတ်ကောင်၏ သန္ဓေသားနှင့်အတူနိုးထခြင်း(MMtranslation)Where stories live. Discover now