Chapter 46(full chapter)

7.6K 1.1K 154
                                    


(T/Nဟေ့ဟေ့ သတင်းထူးပါတယ် ကျန်းချိုးလေး topဖြစ်သွားပြီကွ)

ရှဲကျီ(2)

အဖေနှင့်သား၏ တက်ကြွကြက်ဖမျက်နှာပေးများ...

ကျန်းရှီးလေးကတော့နှာခေါင်းပွတ်လျက်။ ကားအရိပ်ပျောက်သွားသည်အထိကြည့်ပြီးမှ သူ့ပစ္စုပန်ပြန်ရောက်လာသလို။ ကျန်းချိုး သူ့သား၏ စိတ်အားထက်သန်နေသည့်မျက်နှာပေးကတစ်ခုခုမှားနေမှန်းသိ၏။  ညီညီမျှမျှကြည့်ရပါလျှင် ထိုဘီလူးချီးရှီသည်ကားအထင်ကြီးလောက်စရာပင်။ ၀ံ့၀ံ့ထည်ထည်ခံ့ခံ့ညားညားရှိလှသည်က သူ၏ ထည်ဝါနီရဲနေသည့်ကားနှင့်အပြိုင်ပင်။

အဖေနှင့်သားမောင်းထွက်သွားသည့်ကားကိုသာကြည့်နေသဖြင့် လီစူးမျက်နှာမဲသွားရင်းပေါ့ပေါ့ပင်မေးလိုက်၏။

"ကြည့်ကောင်းလား?"

"ကြည့်ကောင်း.."

ကျန်းချိုးလီစူးမျက်နှာက်ုလှည့်ကြည့်ပြီးချိန် သူ့ကျန်ရစ်သောစကားတို့ကို ပညာရှိဆန်စွာမြိုချလိုက်ရင်း စပ်ဖြီးဖြီးနှင့်..

"အဲ့ကားက တကယ်ကြည့်ကောင်းတယ် ဟဟဟ"

သူ့ကိုသူတော့ လက်မအပြာကြီးပေးလိုက်မိ၏။

"သ၀န်တိုနေတာလား?"

ကျန်းချိုးအမှတ်မရှိစွာပင် လီစူးကိုထပ်သွားကျီဆယ်လိုက်ပြန်သညါ။ ရီဟဟလုပ်ရင်း လီစူးလက်မောင်းကိုဆွဲရင်း တဟီးဟီးဖြင့် ဘ၀င်ခိုက်နေ၏။

"သေချာပြီးသားပါ ကျတော့်ရဲ့ပထမဆုံးလှတယ်ဆိုတဲ့စကားလုံးက ခများအတွက်ပဲ"

လီစူးသူ့လူကိုပိုတိုးဖက်ရင်း အပြုံးတစ်ခုလုပ်ယူလိုက်၏။

"လှတယ်? Hmm?"

နောက်ဆုံးစကားသံကတော့ ညှို့ယူနေသလိုပင်။ ကျန်းချိုး လီစူး၏ အေးစက်သည့်လေသံကိုကြားတိုင်း သူ့ခမျာ ဘာလုပ်ရမှန်းမသိလမ်းပျောက်လေ့ရှိတတ်သည်။ သူဘာမှမစဥ်းစားပဲခေါင်းသာငြိမ့်ပြလျက် လီစူး၏ ရုပ်ကိုထပ်ချီးကျူးလိုက်ပြန်၏။ လီစူးမျက်ခုံးပင့်ရင်း ကျန်းချိုးလက်ကိုသူ့ခါးနားရစ်ပတ်လျက် ကျန်းချိုးနောက်ကျောကိုဘာစကားမှမပြောပဲပိုတင်းတင်းဖက်လိုက်၏။ ကျန်းချိုးသူ့ဉာဏ်ကြီးမှုထဲနှစ်မြုပ်လျက်လီစူးဘာမှမဖြစ်ဘူးဆိုတာကိုအတည်ပြုလိုက်၏။ အနောက်ကကျန်းရှီးလေးကတော့ သူ့ခြေတိုတိုလေးများဖြင့်လမ်းလျှောက်လိုက် င်းမှ ပျော်နေသည့်သူအဖေကြောင့်သံသယတို့ဖြစ်သွားရ၏။ ဖေဖေကြီးကစိတ်တိုနေတာကိုဘာလို့ဖေဖေက ပျော်နေနိုင်သေးတာပါလိမ့်?

သွေးစုပ်ဖုတ်ကောင်၏ သန္ဓေသားနှင့်အတူနိုးထခြင်း(MMtranslation)Where stories live. Discover now