Chapter 2.1

21.5K 2.3K 77
                                    

ကျင်းလင်​​တောင်​ရဲ့ ဂူမူးတိုင်းပြည်ေ​​လး (2)

"ပါး..ကျ​တော့ဗိုက်​က ဘာဖြစ်​လို့လဲ"
ကျန်းချိုးတစ်​​ယောက်​ ကိုယ့်​ဗိုက်​ကိုယ်​ငုံ့ကြည့်​လိုက်​ပြီး သူ့ပါးပါးကို စပ်​ဖြဲဖြဲဖြင့်​ အချွဲစကားဆိုလိုက်​သည်​။
"ကျ​တော်​မ၀လာပါဘူး​နော်​...ဟီး..ကျ​တော်​က ပါးပါးရဲ့ သားခန့်​​ချောကြီးဖြစ်​​နေတုန်းပါပဲ"

အ​ဖေဖြစ်​သူကျန်း၏ သားရဲ့ ဗိုက်​မှခွာသွား​သောအကြည့်​တို့မှာ များစွာစိတ်​​ထွေလီ​နေပုံ​ပေါ်​နေ၏။သို့​သော်​လည်း သား​တော်​​မောင်​၏ အပြစ်ကင်းစင်​​သော မျက်​နှာချို​လေးအားမြင်​ရ​သောအခိုက်​တွင်​ ​​ပြောလို​သောစကားတို့ တဒင်္ဂ​​ပျောက်​ဆုံးသွားရ​လေသည်​။
"ကားထဲအရင်​၀င်​ကြရ​အောင်​"

ကျန်းချိုး ခရီးသည်​ထိုင်​ရာခုံတွင်​သွက်​လက်​စွာဝင်​ထိုင်​ပြီး ခါးပတ်​ကြီးတပ်​လိုက်​အပြီးတွင်​ မျက်​​မှောင်​ကြုတ်​သွားရ​လေသည်​။
"အ​မေ​ကော?"

"မင်းအတွက်​ အိမ်​မှာချုတ်​ပြုတ်​​နေတယ်​​လေ"
အ​ဖေဖြစ်​သူကျန်းက ​တောင့်​​တောင့်​ကြီးပြန်​​ဖြေရင်း ကား​​မောင်းခြင်းအားစတင်​လိုက်​၏။ သူ့သား၏ သုန်​မှုန်​​နေ​သောမျက်​နှာ​ပေး​ကြောင့်​ ခပ်​တိုးတိုး​လေးသာ ​စကားစရှာလိုက်​သ
ည်​။ "​ကျောင်းက စိတ်​၀င်​စားစရာ​လေး​တွေ​ပြောပြပါဦး"

ထိုအစချီလိုက်​​သော စကားတို့သည်​ ကျန်းချိုး၏ စိတ်​အစဉ်​ကို ​​ကျောက်​တုံးတရာဖိထားဘိသကဲ့သို့ ​လေးလံသွား​စေသည်​ကို​တော့ ဦးကျိုးမသိလိုက်​ပါ​ချေ။ ဒီလိုအတိတ်​​ကြောင်းမလှဖြစ်​သွား​စေ​သော်​လည်း ဂူမူးမြို့၏ အုတ်​ဂူအ​ကြောင်း သိချင်​စိတ်​များအား မထိန်းချုပ်​နိုင်​ရှိ​နေသည်​က ကျန်းချိုးပင်​။ သူဤကဲ့သို့ ထူးဆန်း​ထွေလာများအား စူးစမ်းလိုစိတ်​မရှိမူ အဘယ်​​ကြောင်း​ကြောင့်​ သု​တေသီပညာရပ်​အား ​ရွေးပါအံနည်း။
"ပါး..အရင်​တ​လောတုန်းက နှစ်​၄ထောင်​ကျော်​ shangမင်းဆက်​က ​ရှေး​ဟောင်းအုတ်​ဂူ​​တွေ တူး​ဖော်​နိုင်​ခဲ့တယ်​​လေ.။ အဲ့သတင်းကြီးက အဲ့​လောက်​ အုတ်​​အော်​​သောင်းနင်းဖြစ်​သွားတာ ပါးမ​တွေ့လိုက်​ဘူးလား"

သွေးစုပ်ဖုတ်ကောင်၏ သန္ဓေသားနှင့်အတူနိုးထခြင်း(MMtranslation)Where stories live. Discover now