Chapter 76(full chapter)

3.5K 616 55
                                    

ပိုးလမ်း(10)

လျှာထက်က သွေးစက်တို့က လက်ထဲက ကျောက်စိမ်းပြားပေါ်ရှိမျဥ်းကြားတွေထဲလျှင်လျှင်​​မြန်မြန်စီးဝင်နေ၏။

သူတို့အသံကြား၍ထင်။ ယွဲ့မှာ သွေးလွှမ်းကျောက်စိမ်းပြားကို ခေါင်းတလားအဖုံးပေါ်အမြန်တင်လိုက်၏။ သူတို့တံခါးဖွင့်သံနှင့်အတူ ခေါင်းတလားဖွင့်ပြီးအထဲခုန်ဝင်ချိန်က တစ်ချိန်တည်း။ ကျန်းချိုးထင်မိသည်က အခေါင်းထဲက ကျန်းရှီးတစ်ကောင်ထွက်လာမည်ဟု။

ကျန်းချိုးဘာကိုမှတော့အထူးတလည်စိုးရိမ်မနေ။ ယွဲ့ အဲ့အခေါင်းထဲဘာရှိမလဲကောင်းကောင်းသိနေပုံပင်။ သို့သော် စက္ကန့်အနည်းငယ်အကြာတွင်ပြန်ထွက်လာပြီး သူ့နှုတ်ခမ်းကသွေးတွေကိုသုတ်လိုက်ပြီး သူတို့ကိုစိုက်ကြည့်လာ၏။

"ဟိုငစားကျိဟောင်အတွက် လက်စားလာချေတာလား?"

ယွဲ့ သူတို့ကို ကျိဟောင်နဲ့တစ်ဖွဲ့ထဲလို့ထင်နေတာအသေအချာ။ ကျိဟောင်သူတို့ကိုပိုက်စံပေးထားသည်ဆိုသော်လည်း သူတို့က ဒီဇာတ်လမ်းရဲ့ဒါရိုက်တာကိုသာ စုံစမ်းချင်ရုံပါ။

သူတို့ရှေ့က ယွဲ့မှာ တစ်ခုခုဖြစ်နေမှန်းသိသားသည်။ လီစူးလှုပ်ရှားလိုက်ချိန်တွင် ယွဲ့က ခုန်ပျံပြီးအောက်ဆင်းနှင့်နေပြီ။ သူ့အကွက်ကမြန်လွန်းလှသည်။ဘယ်လက်က ခေါင်းတလားအောက်ကြိုးချည်ရင်းအောက်က တောင်တွေဆီပြန်ခုန်ဆင်းသွား ခြင်း။

"တကယ့်ပြဿနာပဲ"

သူအခုလေးတင်ဝတ်ထားတဲ့အဝတ်ကိုပြန်ချွတ်ရင်း ချီရှီတစ်ယောက်နဂိုပုံစံပြောင်းကာ ခုန်ဆင်းသွားသူနောက်လိုက်သွား၏။

ရေတို့က အနက်ရောင်ခေါင်းတလားကိုရိုက်ခတ်ပြီး တောင်ဆီစီးကျသွား၏။ ယွဲ့ ချီရှီပုံစံအစစ်ကိုမြင်လိုက်ရသဖြင့် အထိတ်တလန့်ပင် ကြိုးကိုလွှတ်ကာ တောင်ဆီခုန်ဆင်းရင်း အောက်ကိုထပ်ဆင်းပြေး၏။ အကောင်ကြီးခြေသည်းအောက် လူကသေးသဖြင့် လွှတ်လွှတ်ထွက်သွား၏။

"သွားကူစရာမလိုဘူးလား"

ကျန်းချိုးအမေးကို လီစူးခေါင်းခါပြရင်း

သွေးစုပ်ဖုတ်ကောင်၏ သန္ဓေသားနှင့်အတူနိုးထခြင်း(MMtranslation)Where stories live. Discover now