Chapter 68(full chapter)

5.3K 738 56
                                    

ပိုးသားလမ်း(2)

တစ်မနက်လုံးစိတ်အခြေနေမကောင်းသည့် ရှောင်းကျန်းလေးကို ကျန်းချိုး မေးမရမြန်းမရ အနမ်းဖြင့်သာ ချော့ခဲ့ရ၏။

"ဖေဖေ ကျတော်အရွယ်ရောက်နေပြီ"

ရှောင်းကျန်း မပျော်မရွှင် သွားစွယ်ထုတ်ပြရင်း ခွန်းတုံ့ပြန်သဖြင့် ကျန်းချိုးပြုံးရင်းထပ်နမ်းလိုက်၏။

"သားမျက်လုံးတွေကတော့ အဲ့လိုပြောမနေသလိုပဲနော်"

ဖော်ကောင်အလုပ်ခံလိုက်ရသဖြင့် ရှောင်းကျန်းလေးရှက်တန့်တန့်ဖြစ်သွားသော်ငြား မျက်နှာတည်ဖြင့်ပင် လေးလေးနက်နက်ပြောလိုက်သည်။

"အဲ့တာဆိုလည်း ကျတော်ဒီထက်နည်းနည်းကြီးရင် ဖေဖေထပ်မနမ်းရတော့ဘူး"

"အေးပါ အဲ့အခါကျရင် မင်းမိန်းမမင်းနမ်းလေ"

ကျန်းချိုး ပေါ့ပျက်ပျက်သာပြောလိုက်မိပြီး သူ့သားကလေးသေးသေးမဟုတ်တော့ပဲ ဂျစ်ကန်ကန်အရွယ်ရောက်နေပြီဆိုတာကိုမေ့လျော့နေခဲ့၏။ ရှောင်းကျန်းရင်ထဲတွင်တော့ ခွေးအလိုက်ခံရသည့်ကြောင်တစ်ကောင်လိုပင် ခံစားနေရ၏။

အ၀တ်လဲပြီးချိန် ရှောင်းကျန်း လီစူးကိုကြည့်နေကြာင်း ကျန်းချိုးသတိထားလိုက်မိသဖြင့် ရှောင်းကျန်းကိုချီကာ လီစူးလက်မောင်းထဲထည့်ပေးလိုက်ရင်း အပြုံးဖြင့်

"ကလေးကိုတစ်ချက်ချီထားပေးဦး သူကတစ်ရက်ထက်တစ်ရက်ပိုလေးလာလို့"

"ရှောင်းကျန်းက မ၀ပါဘူးနော်"

ရှောင်းကျန်း စိတ်တိုတိုပြန်ပက်လိုက်သည်ဖြစ်သော်လည်း ကျန်းချိုးရှည်ရှည်ဝေးဝေးမစဥ်းစားပဲ မဟုတ်ကဟုတ်ကမြှောက်ပြောတော့၏။

"သားကမ၀ပါဘူး ဒါပေမယ့် လေးတယ် ကြည့်ရတာ ရှောင်းကျန်းကသန်မာပုံပဲ မြင်လား သားရဲ့ကြွက်သားတွေကလေးတာလေ ဖေဖေ့သားက အရွယ်တူတွေထဲအသန်မာဆုံးပဲ "

လီစူး သူ့ရင်ခွင်ထဲကိုငုံ့ကြည့်လိုက်တော့ သားတော်မောင်က ဂုဏ်ယူမဆုံးတပြုံးပြုံးဖြင့် သွားဖြီးပြုံးနေ၏။ အင်း ဒီကလေးကြီးနဲ့ ကလေးလေးကိုကြည့်ရတာကလည်း အတော်ပျော်ဖို့ကောင်းသားပဲ။

သွေးစုပ်ဖုတ်ကောင်၏ သန္ဓေသားနှင့်အတူနိုးထခြင်း(MMtranslation)Where stories live. Discover now