Chapter 4.1

17.3K 1.9K 42
                                    

ဖီးရှန်ဟွေး၀မ်ဂူ(2)

တကယ်တော့ ကျန်းမိသားစုသည် Zhang Daoling၊ Zhang Tianshiကဲ့သို့သော ကမ္ဘီရ ပုဂ္ဂိုလ်များနှင့် လုံးလုံးမပတ်သတ်ပေ။ စင်စစ် ကျန်းမိသားစု၏ မျိုးရိုးမှာ တောင်သူလယ်သမားမျိုးရိုးပင်။ မှော်အဆောင်ရေးနည်းစာအုပ်နှင့် လက်တွေ့သုံးချ တာအိုပညာ စသည့် စာအုပ်တို့အား ကံကောင်းထောက်မစွာ တွေ့ရှိခြင်းမျှပင်။ ထိုစာအုပ်နှစ်အုပ်မှာ နောက်ပိုင်းတွင် ကျန်းစန်းလျန်လက်ထဲသို့ ရောက်ရှိလာခြင်းဖြစ်လေသည်။

ကျန်းစန်းလျန်သည် ဉာဏ်ပညာကြောင့်လော၊ အထုံပါရမီကြောင့်လောမသိ....ကမ္ဘီရပညာအား ဤမပြည့်စုံလှသော စာအုပ်နှစ်အုပ်မှ သင်ယူလေ့လာနိုင်ခဲ့ပြီး သူ၏ ဂုဏ်သတင်းများလည်း တစတစပြန့်လာခဲ့ပေသည်။ ထိုနှစ်များတွင် ကျန်းစန်းလျန်အား စိတ်ပညာဖြင့် ဂူများဖောက်စေလိုသူ ဓားမြသားများမှာလည်း ပေါလွန်းလှ၏။ သို့သော် သူသည်ကား ကြောင်သူတော် ကြွက်သခိုးလုပ်မည်မဟုတ်သော လူဖြောင့်တစ်ယောက်။ ကျန်းလျို့သွန်းမှာ အကိုဖြစ်သူနှင့် ဆန့်ကျင်လှစွာပင်။ သူသည်မှာ အကိုဖြစ်သူ၏ အရှိန်အဝါအောက်တွင် မနေလိုသူ...သူ့တွင်လည်း ဖုန်းရွှေပညာဖြင့် ဂူတည်နေရာရှာနိုင်သော အရည်အချင်းအသင့်အတင့်ရှိသူပင်ဖြစ်လေရာ အကိုထက် အစွမ်းထက်ကြောင်း ပြလွန်းလိုလျက် ထို အမှောင်လောကထဲသို့ စွတ်တိုးဝင်သွားလေသည်။ နောက်ပိုင်းတွင် လျို့ယဲ့ဟူသော ဂုဏ်နာမည်ကျော်ဇောလာသည်တွင် ကျန်းလျို့သွန်းမှာ မြောက်ကြွမြောက်ကြွဖြင့် ဘဝင်လေဟပ်သွားလေတော့သည်။ ထိုဘဝင်လေရူးမှာ အကိုဖြစ်သူထက်သာကြောင်းအား ထိုပညဖြင့်ပင် အကိုရှေ့ ကြွားပြလေရာ ရလဒ်အဖြစ် အပြင်းအထန်အပြစ်ပေးခံရခြင်းဟူသော ဆုလာဒ်ကြီး ဆွတ်ခူးလိုက်ရခြင်းပင်။ ထို့နောက်တွင်မူ ညီအကိုနှစ်ဦး ဆက်ဆံရေး တစ်ခန်းရပ်ခဲ့ရလေသည်။

ကျန်းစန်းလျန်မှာမူ ယခုထက်ထိပင် ထိုအကျော်အမော် ကမ္ဘီရ ပညာရှင်တို့၏ မျိုးရိုးမှ ဆင်းသက်လာသူအဖြစ် ဂုဏ်သတင်းကျော်ဇောလျက်ရှိသော်လည်း ကျန်းလျို့သွန်းမှာ ထိုအမှောင်လမ်းအားဆက်လိုက်ခြငိးမရှိတော့ပဲ နာမည်တင်သာမက လူပါ ပျောက်ခြင်းမလှပျောက်သွားခြင်း။

သွေးစုပ်ဖုတ်ကောင်၏ သန္ဓေသားနှင့်အတူနိုးထခြင်း(MMtranslation)Where stories live. Discover now