Chapter 75(full chapter)

3.5K 662 119
                                    

ပိုးလမ်း(9)

ကျန်းချိုး အိမ်မက်မှ လှုပ်နိုးခံလိုက်ရ၏။

"မလှုပ်နဲ့ဦး စုန့်ပေါင်"

လီစူးအသံကြောင့် သူစိတ်ချလက်ချဖြင့်ထရန်ပြင်လိုက်ချိန် လီစူးသူ့ကိုပြန်လှဲစေ၏။ ထိုအချိန်မှ ဗိုက်ထဲက နာကျင်မှုနှင့် ခန္တာကိုယ်က နွေးထွေးမှုတို့ကို ပြန်ခံစားလိုက်ရ၏။

"လောင်အာ..."

"ထွက်လာတော့မယ် မင်းလှဲနေဦး"

ကျန်းချိုးမလှုပ်ရဲတော့။ သူ့ရှောင်းကျန်းလေးထွက်လာတုန်းက သူအိပ်ပျော်နေသဖြင့်မသိလိုက်ရ။ အခုလောင်အာလေးကိုမွေးထုတ်ဖို့ ဘယ်နေရာက ထွက်လာမှာလဲ တကယ်သိချင်မိ၏။

လီစူး သူ့အကျ်ီကိုချွတ်နေသဖြင့် အေးစက်မှုကိုအတိုင်းသားခံစားနေရသော်လည်း လီစူးလက်တို့က နွေးနွေးထွေးထွေးပင်။ သက်တောင့်သက်သာဖြစ်လုတွင် အပ်နဲ့ဖောက်သလို နာကျင်မှုကြောင့် ကျန်းချိုး မည ည်းပဲမနေနိုင်တော့။ သူခေါင်းမကြည့်လိုက်တော့ လီစူးက သူ့ဗိုက်ထဲလက်ထည့်ရင်း မြူခိုးလုံးလေးတစ်ခုကိုဆွဲထုတ်နေ၏။

ဒီလိုနာကျင်မှုက ဗိုက်ကိုဓားနဲ့ခဲဲပီး ကလီစာအထုတ်ခံနေရသည့်အတိုင်းပင်။ ကျန်းချိုး နဖူးမှချွေးစီးတို့ပင်ကျလာပြီ။ သို့သော် သိပ်မကြာမီတွင်ပင် နာကျင်မှုအားလုံးက ပြန်ပျောက်သွားပေပြီ။

"ရပြီ"

လီစူး မြူခိုးလုံးကိုကကျန်းချိုးလက်ထဲထည့်ပေးရင်း ကျန်းချိုးကိုပွေ့ကာ နမ်းလိုက်၏။

"လောင်အာလေ"

"မြူခိုးလုံးလား"

ကျန်းချိုး ရှောင်းကျန်းမွေးပုံနှင့်မတူသဖြင့် အံသြမိရင်း သူ မြူလုံးလေးကိုပုတ်ကြည့်တော့ သူ့ကိုခံစားမိသည့်အလား သူ့လက်ချောင်းတွေကြား မြူးထူးလာ၏။ ကျန်းချိုး နာကျင်မှုတွေကိုမေ့လိုက်နိုင်ပေပြီ။

"နူးညံလိုက်တာ သူ့အကိုလို ဘယ်အချိန်မှ လက်လေးတွေထွက်လာမှာလဲမသိဘူး"

သူပြောနေတုန်းမှာပင် ပန်းသီးလုံးမြူလုံးလေးက တဖြေးဖြေးဘေးနှစ်ဖက်ကွဲထွက်ရင်း အလယ်က အသားဖြူဖြူနှင့် ခန္တာတစ်ဝက်ကိုဖုံးနိုင်သည့် ဆံပင်ရှည်လေးနှင့်ကလေးတစ်ယောက်ပေါ်လာ၏။ မျက်စံနီနှင့် မျက်ဝန်းဝိုင်းဝိုင်းတို့တွင် ရှည်လျားထူထဲသည့်မျက်တောင်တို့က အလှဖြည့်လျက်။ နှာတံချွန်ချွန် နှင့် နှုတ်ခမ်းနီနီတို့ကရော။ မျက်ဝန်းမဖွင့်တဖွင့်တွင်ပေါ်လာသည့် မှည့်လေးကလည်းရှိသေး၏။ မျက်ဝန်းတို့က အိပ်ချင်နေပုံပင်။ သူ့ကိုချော့သိပ်ဖို့လည်း လူတွေကိုညှို့တတ်သေး၏။

သွေးစုပ်ဖုတ်ကောင်၏ သန္ဓေသားနှင့်အတူနိုးထခြင်း(MMtranslation)Where stories live. Discover now