Chapter 72(full chapter)

3.6K 679 94
                                    

ပိုးလမ်း(6)

ပါတီက ၈နာရီစမှာဖြစ်ပြီး အခု၇နာရီရှိနေပြီဖြစ်ပေမယ့် ကျန်းချိုး ပွဲတက်၀တ်စုံမ၀ယ်ရသေး။ စဥ်းစားရင် ခေါင်းကိုက်စရာပင်။

"မင်းကိုခစားပြီးပြီဆိုတော့ ငါrecordလုပ်ဖို့အမြန်သွားရတော့မယ်"

"ဒီမျက်နှာနဲ့လား?"

ချီရှီရဲ့ဒီမျက်နှာသာ တီဘီထဲပါရင် ဘယ်လိုမှ ခံစားပြီးကြည့်နိုင်မှာမဟုတ်။

"ကိုယ်အားအရမ်းမထည့်ထားတော့ သူ့အတွင်းအားနဲ့ဆိုတစ်နာရီအတွင်းပျောက်မှာပါ"

အားသိပ်မသုံးထားဘူး??ချီရှီ စိတ်အချဥ်ပေါက်လှစွာသူတို့ကိုတစ်ချက်စိုက်ကြည့်ပြီးမှ အပြုံးရိုင်းကြီးဖြင့်

"ရှောင်းချိုးချိုး မင်းငါ့ကိုစိတ်ပူတာသိပါတယ်ကွာ မင်းကငါ့ရဲ့နေ့ရက်လေးကိုအရမ်းလှစေတာပဲ ညပြန်လာရင် ငါ့ကိုဆေးလေးလာလူးပေးနော် ဟဟဟ အရင်သွားလိုက်ပါဦးမယ်ခမျ"

လီစူးရဲ့မျက်နှာတည်ကိုတစ်ချက်ကြည့်ရင်း တစ်ချိုးတည်းလစ်သွားသော ချီရှီကိုကြည့်ကာ ကျန်းချိုးဆွံ့အသွားတော့သည်။ ငါ့ကိုသေတွင်းပါတူးသွားပေးလို့ကျေးဇူးကွာ...

"ဟိုဟာ ပွဲတက်၀တ်စုံမ၀ယ်ရသေးလို့ ရှောင်းကျန်းနဲ့သွားလိုက်ဦးမယ်"

ထို့နောက် ရှောင်းကျန်းကိုကောက်ချီကာ ပြေးဖို့ပြင်လိုက်ချိန် နောက်က ကော်လံကိုဆောင့်ဆွဲခံလိုက်ရပြီး တစ်ကိုယ်လုံးလဲ လီစူးရင်ခွင်ထဲ၀င်သွားတော့၏။

လီစူးခေါင်းငုံ့ကာ မျက်၀န်းနက်များဖြင့်

"၀တ်စုံကပြင်ပြီးသွားပြီ အ၀တ်လှဲဖို့ခေါ်သွားပေးမယ်"

"ပြင်ပြီးပြီ?အိုင်း ကျတော့်ဆိုဒ်က ခဏ အဲ့လိုမဆွဲနဲ့ နာတယ်"

လည်ပင်းနားကလက်ကလွတ်သွားသော်လည်း ထိုလက်က သူ့ခါးနားရောက်လာပြီး သိပ်မကြာပြီ အချီခံလိုက်ရ၏။

လီစူးက ဗိုလ်ကျသလိုခံစားရပေမယ့် ဟီးဟီးဟီး ကြိုက်တယ်...

အခန်းထဲက အနောက်တိုင်း၀တ်စုံသုံးစုံက သူတို့ကိုအသင့်စောင့်ဆိုင်းနေ၏။ တစ်စုံကအနက်ဖြစ်ပြီးကျန်နှစ်စုံကအဖြူရောင်။ ရှောင်းကျန်းအတွက် ဖဲပြားလေးနှင့်အဖြူရောင်၀တ်စုံက အိ​ေန္ဒြကြီးတစ်ခွဲသားနှင့်နေတတ်သည့်ရှောင်းကျန်းကိုအတော်ကြီးဆွဲဆောင်လိုက်ပုံပင်။ ရှောင်းကျန်း ကျန်းချိုးလက်ပေါ်ကဆင်းရင်း ပါးချိုင့်များပေါ်အောင်ပြုံးကာ  ၀တ်စုံကိုလက်ညိုးထိုးပြနေ၏။

သွေးစုပ်ဖုတ်ကောင်၏ သန္ဓေသားနှင့်အတူနိုးထခြင်း(MMtranslation)Where stories live. Discover now