Chapter 3.2

19.1K 1.9K 18
                                    

"ဦး​လေး​ခြောက်​နဲ့ ညီ​လေးလာလည်​လို့ ကျ​တော်​ဆိုင်​အ​စောကြီးသိမ်းလိုက်​တာပါ"

ကျန်းယု​ရွှေ ရှင်းပြ​နေရင်းဖြင့်​ အ၀င်​​ပေါက်​တွင်​ရပ်​​နေ​သော လူငါးဦးထံကြည့်​လိုက်​ရင်း တုံးတိတိ ပြတ်​​တောင်း​တောင်းသာ စကားဆိုလိုက်​သည်​။

"ဒီလူ​တွေက နမိတ်​မ​ကောင်းတာ​တွေပဲ ​ဆောင်​ယူလာတဲ့ ကပ်​ပါး​ကောင်​​တွေအတိုင်းပဲ..ဒီပုံအတိုင်းသုံးရက်​ဆက်​ရင်​​တော့ ကပ်​​ဘေးဆိုက်​​လောက်​တယ်​"

"မင်းနာချင်​လို့ကြည့်​​နေတာလား"

လောင်​စန်း၏ ​ကြောက်​စရာ​ကောင်း​သော ​ဒေါသ သံကြီးက တစ်​ဖန်​ လွှမ်းလာပြန်​၏။ ​ခေါင်း​ဆောင်​ဖြစ်​သူမှာ ​ဘေးဘီဝဲရာသို့ မျက်​လုံး​ဝေ့ကြည့်​လိုက်​ပြီး ကျန်းချိုးတို့သားအဖနှစ်​​ယောက်​အား မြင်​လိုက်​ရ​သောအခါ အဆိပ်​ပြင်း​သော ​မြွေကဲ့သို့ အကြည့်​များထုတ်​လွှတ်​လျက်​​လက်​ပြ၍ပင်​ အချက်​မ​ပေးပဲ တစ်​ခွန်းတည်း​သော စကားဆို၍ ထွက်​သွား​လေသည်​။

"သွားကြမယ်​"

ဦး​ကျန်းသည်​ ကျန်းယု​ရွှေအား မမှတ်​မိရိုးအမှန်ဖြစ်​​သော်လည်း​​ အကိုကြီးဖြစ်​သူ၏ အကြီးဆုံးသားဟူသည့် ဂုဏ်​ပုဒ်​နှင့်​ပတ်​သက်​​သော မှတ်​ဥာဏ်​များက ယခုထိတိုင်​ ကျန်​ရှိဆဲဖစ်​​လေသည်​။ ဦးကျန်း စိတ်​လှုပ်​ရှားစွာဖြင့်​ ထိုအသက်​လတ်​ပိုင်းလူအား ပခုံးပုတ်​လျက်​ ၀မ်းသာအားရဆို​လေသည်​။

"*​Maoge မင်းမျက်​စိတစ်​မှတ်​အတွင်းကို ဒီ​လောင်​​တောင်​ထွားလာပြီ​ပေါ့ ..မထင်​ထားမိဘူး"

ကျန်းချိုးတစ်​​ယောက်​ ဖခင်ဖြစ်သူထက် အသက်အနည်းငယ်ပင် ငယ်ပုံ​​​ပေါ်​​သောထိုလူ၏ ငယ်​နာမည်​အား အားမနာတမ်း​ခေါ်​နေ​သည့်​ ဖခင်​ဖြစ်​သူအားတစ်​လှည့်​၊ Moageဟု ​ခေါ်ခံရ​သော်​လည်း စိတ်​အ​နှောက်​အရှုပ်​တစ်​စုံတစ်​ရာုဖစ်​သွားဟန်​မရှိ​သော ထိုလူကိုတစ်​လှည့်​ ကြည့်​​နေလိုက်​မိ​လေသည်​။ ***ငါဘာဆို ဘားမှ နားမလည်​​တော့ပါလား***

သွေးစုပ်ဖုတ်ကောင်၏ သန္ဓေသားနှင့်အတူနိုးထခြင်း(MMtranslation)Where stories live. Discover now