Chapter 8(full chapter)

15.2K 1.8K 60
                                    

ဖီးရှန်ဟွေးဝမ်ဂူ(6)

လီစူး၏ စကားတို့သည်​ ကျန်းချိုးတစ်​​ယောက်​တည်းအ​ပေါ်တွင်​သာ သက်​​ရောက်​​နေသကဲ့သို့။ ကျင်း​လောင်​ဒါးအား မည်​သို့မှမဖြစ်​​စေ ​နောက်​မ​ဆုတ်​​စေပဲ ..ထိုအစား..သူတို့​ဒေါသတကြီးဖြင့်​ ဤဂူအား အနိုင်​တိုက်​၍ ​ဖောက်​နိုင်​ရမည်​ဟူ၍ပင်​ ကျိန်​ဆို​နေ​သေး၏။

လောင်​စန်းလက်​ ပတ်​တီးစည်းပြီး​သောအခါ ​လောင်​ဒါး ခပ်​မြန်​မြန်​​မေး၍ ​ပြောလိုက်​​လေသည်​။

"မင်းလမ်း​လျှောက်​နိုင်​​သေးလား? ​လျှောက်​နိုင်​ရင်​ ဒီရက်​အတွက်​ အခွင့်​​ကောင်းပဲ ငါတို့ နည်းနည်းပို ခက်​ခက်​လုပ်​ရလိမ့်​မယ်​..ဒါ​​ပေမယ့်​ ဘယ်​​လောက်​ပင်​ပန်းပင်​ပန်း ငါတို့လက်​ထဲ ရတနာ​တွေ​ရောက်​လာဖို့ မ​ဝေး​တော့ဘူး..အဲ့ဆို ငါတို့ဘ၀တစ်​​လျှောက်​လုံး ငါတို့မလုပ်​ချင်​တဲ့ ဒီအလုပ်​ကြီး လုပ်​​နေစရာမလို​တော့ဘူး"

ဒီလိုဂူ​ဖောက်​ခြင်းသည်​ စီးပွား​ရေးလုပ်​ငန်းမဟုတ်​​သော်​ငြား ရတနာတို့မြိုးမြိုးမြက်​မြက်​ရလှင်​ ဘ၀တစ်​​လျှောက်​လုံး ဘာအလုပ်​မှလုပ်​စရာမလို​တော့သည်​မှာအမှန်​ပင်​ဖြစ်​၏။ ကျင်း​လောင်​ဒါး၏ စကားတို့မှာ ​လောင်​စန်းအား အမှန်​ပင်​ တွန်းအားဖြစ်​​စေလျက်​ ကိုယ်​​ပေါ်မှ ဒဏ်​ရာကိုပင်​ လျစ်​လျူရှုလိုက်​နိုင်​သည်​အထိပင်​။ ဒါအပြင်​ သူ့တို့ယခု ၀င်​​ပေါက်​ကိုပင်​​ရောက်​လာပြီဖြစ်​​သော​ကြောင့်​ လက်​ဘလာဖြင့်​ပြန်​လှည့်​ခြင်းက တစ်​ကယ့်​ကို စိတ်​ပျက်​​စေမည့်​ သူရဲ​ဘော​ကြောင်​လုပ်​ရပ်​ပင်​။

လီစူး ​ရှေ့ဆုံးမှသွားကာ ကျန်းချိုးအားလည်း လှည့်​​ပြောလိုက်​​လေသည်​။

"ကိုယ့်​နားက​နေပဲကပ်​လိုက်​ခဲ့​နော်​"

ဤစကားလုံးတို့အား အခါ​ပေါင်းများစွာကြား​နေရခြင်းဖြစ်​​ပေမယ့်​ ကျန်းချိုးစိတ်​အ​နှောက်​အယှက်​ ဘယ်​​တုန်းကမှမဖြစ်​ခဲ့။ ထို့အစား သူတကယ့်​ကိုလုံခြုံသွားသကဲ့သို့ခံစားရ​လေသည်​။ ​ခေါင်ြးိငိမ့်​ပြလျက်​ဖြင့်​ပင်​ လီစူး​နောက်​နီးနီးကပ်​ကပ်​လိုက်​​လေသည်​။

သွေးစုပ်ဖုတ်ကောင်၏ သန္ဓေသားနှင့်အတူနိုးထခြင်း(MMtranslation)Where stories live. Discover now