Chapter 40(full chapter)

8.6K 1.2K 74
                                    

ကျင်းဘုရင်ဟွေ့ဂူ(8)

........လပေါ်က မိုးမခအခက်များ...

အသံက ဝေးရာကနေတဖြေးဖြေးနီးလာပြီး အသံတို့က လေအဝှေ့မှာ ပျောက်ကွယ်သွားပြန်သည်။ ကျန်းချိုးထိုစကားသာကြားနေရပြီး တစ်ကိုယ်လုံးတောင့်ခဲသွားလေသည်။"သခင် ကျွန်တော်မျိုးမကိုကယ်ပါ"

"ဖေဖေ"

ကျန်းရှီးလေးအသံအဆုံး၌ အစကကြားနေရသည့် ထိုအသံတို့လုံးဝပျောက်ကွယ်သွားလေသည်။ ကျန်းချိုး စိတ်ကူးယဥ် အိပ်မက်ကမ္ဘာထဲရောက်သွားသလိုမျိုးပင်။ သူ့လက်တို့မလှုပ်ချင်လောက်အောင်ပင်လေးလံနေသလိုခံစားလိုက်ရ၏။ သူအောက်ငုံ့ကြည့်လိုက်တော့ အစွယ်တွင်သွေးတို့စွန်းထင်းနေသည့် ကျန်းရှီလေး။ ကျန်းချိုးသူ့ကိုငုံ့ကြည့်လာသဖြင့် ကျန်းရှီလေး အကြောက်ကြောက်အလန့်လန့်ဖြင့်သူ့သွားတို့ကိုမြန်မြန်သိမ်းလိုက်၏။

ကျန်းချိုးကြောင်သွားပြီး ရုတ်တရက် ရှောင်းကျန်းလေးသွေးစုပ်ရင် သူစွန့်ပစ်မည်ဟုချိန်းခြောက်ခဲ့သည်ကိုပြန်အမှတ်ရမိသွား၏။ အော် ထို့ကြောင့်ကိုး။

"ဖေဖေ သားကိုအပြစ်မတင်ပါဘူး"

ကျန်းရှီးလေးက သူ့ကိုကယ်တင်လိုက်သည်ပင်မဟုတ်ပါလား။ သူ့သား၏ ဆံပင်ခွေလေးကိုထိလိုက်ရင်း ချီးကျူးလိုက်၏။

"ရှောင်းကျန်းလေးကိုကျေးဇူးတောင်တင်ရဦးမယ်"

ချီးကျူးခံလိုက်ရသော ကျန်းရှီးလေးမှာ မတ်မတ်ရပ်လိုက်ရင်းသွားစွယ်လေးတွေထုတ်ပြလျက် ပျော်ရွှင်စွာပြောလိုက်၏။

"သားသား နောက်ဆို ဖေဖေကိုရော သားညီကိုပါ ကာကွယ်ပေးမယ်"

ဖေဖေကိုကာကွယ်ပေးမယ်ဆိုသည့်စကားက ရင်ကိုတည့်တည့်ထိမိသွားစေသည့်စကားဆိုပေမယ့် ဘာလို့ ညီလေးလဲ?ကျန်းချိုး သူ့သားမျက်နှာကိုထိလိုက်ရင်း အတွေးပွားလိုက်၏။ :တကယ်လို့ နင့်ရဲ့ကြီးကျယ်မြင့်မြတ်လှစွာသော ကျန်းရှီးဖေဖေကသာ ကလေးမွေးနိုင်ရင် ဟုတ်ချင်ဟုတ်မှာပေါ့။ ပိုတောင်ပျော်စရာကောင်းဦးမယ် ...မဟုတ်ရင်တော့ မေ့လိုက်တာာအကောင်းဆုံးပဲ။

သွေးစုပ်ဖုတ်ကောင်၏ သန္ဓေသားနှင့်အတူနိုးထခြင်း(MMtranslation)Where stories live. Discover now