Chapter 66(full chapter)

5.9K 854 32
                                    

T/N အလွန်ရှည်သဖြင့် spellingအမှားများစွာပါ၀င်နိုင်ပါသည်။

အနောက်ကထိုးလာသည့်မီးရောင်ကြောင့် မြင်လိုက်ရသည့်အောက်ခြေ ထောင့်တစ်နေရာကတင် သူတို့ကိုထိတ်လန့်စေနိုင်၏။ အနက်ရောင်စည်းအကာနှင့်မြစ်ရေပြင်က မီးရောင်အောက် မဟူရာကျောက်စိမ်းကြီးတစ်ချပ်လို။

"ရှောင်ရုန်ရုန်!"

ချီရှီအသံက မြစ်ရေပြင်ထက်ပဲ့တင်ထပ်နေပါသော်လည်း နာမည်ပိုင်ရှင်ကိုအခုထက်ထိအရိပ်အရောင်တောင်မမြင်ရသေး။ ဒီခဏလေးအတွင်း ကျိရုန်ဘယ်ကိုထွက်သွားနိုင်သည်လဲ။

"နားထောင်"

လီစူးခေါင်းထောင်ရင်း မြစ်ထိပ်ပိုင်းကို စိုက်ကြည့်နေ၏။ ကျန်းချိုးအသေအချာအားစိုက်နားထောင်ကြည့်တော့ တကယ့်ဟိန်းသံတစ်ခု။ မရှင်းမလင်းအားပျော့ပျော့ဟိန်းသံ။

"အပေါ်ဖက်သွားမယ်"

ချီရှီရုတ်တရက်စကားကြောင့် ကျန်းချိုးသူ့ကိုကြည့်လိုက်မိ၏။ ကျိရုန်ကိုအတော်စိတ်ပူနေဟန်ပင်။ မျက်နှာအမူအရာကအခြေနေလုံး၀မကောင်း။ သို့သော် အပေါ်သွားသည်နှင့် ချီရှီထောင်ချောင်မိမည်ကိုလည်း စိုးရိမ်ရသေးသည်။

"မင်း......မင်း ချီကျိရုန်ကိုသတိထားသင့်တယ် သူထူးခြားနေတာ သေချာတယ်"

"ဒါရှဲကျီဟိန်းသံပဲ"

"ဘယ်လို?"

ကျန်းချိုး ချီရှီစကားကိုအငြင်းဆိုချင်သော်လည်းသေချာပြန်မေးလိုက်၏။

"အပေါ်ကဟိန်းသံက ရှဲကျီအသံလား?"

ချီရှီခေါင်းငြိမ့်ပြလာ၏။ သူကမျိုးတူသဖြင့်မှားတာမဟုတ်နိုင်။

လူတိုင်းမြစ်ကမ်းဘေးကနေအပေါ်ဖက်တက်လာခဲ့ကြ၏။ သူတို့ နန်းတော်ပုံစံအဆောက်ဦးကိုရှင်းရှင်းမြင်နေရသလို ဟိန်းသံကလည်း နီးလာလေလေကျယ်လာလေလေပင်။ ချီရှီပြေးသွားလိုက်သည်။ နန်းတော်၀င်ပေါက်တွင် အနက်ရောင်ဂိတ်တံခါးကို သွေးကြောရှုပ်ရှုပ်ဒီဇိုင်း ထွင်းထုထား၏။

"အတောင်ပံတွေ"

ချီရှီဆက်ပြော၏။

"ရှဲကျီမှာအတောင်ရှိတယ် ဒါပေမယ့် အရမ်းရှားတဲ့အမျိုး အဲ့လိုအကောင်က ငါတို့ကြားမှာ ဘုရင်ပဲ"

သွေးစုပ်ဖုတ်ကောင်၏ သန္ဓေသားနှင့်အတူနိုးထခြင်း(MMtranslation)Where stories live. Discover now