Chapter 21.2

11.1K 1.6K 83
                                    

လီစူး အပေါ်ကဂူပေါက်ဆီခုန်တက်လိုက်ပြီး လောင်ဒါးကို ဆွဲချလိုက်လေသည်။ လီစူး အညှာအတာကင်းမဲ့စွာဖြင့် ထိုသူကိုပစ်ချလိုက်ပုံမှာ ငါးသလောက်လေးတစ်ကောင်ကို လက်ကြီးဖြင့်ဖမ်း ခြင်းထဲပစ်ထည့်လိုက်သလိုပင်။ လျှင်မြန်၏။ ရက်စက်လွန်းလှ၏။

အောက်ကျလာသော လောင်ဒါးခေါင်းအား ဖီးရှန်ဟွေ့၀မ် အားနှင့် ဖြတ်ရိုက်ချလိုက်လေရာ အနီရောင်အဖြူရောင်အရည်ပျစ်ပျစ်တို့ မြေပြင်ထက်ပြန့်ကျဲသွားလေသည်။ ထို့နောက် လောင်ဒါး၏ လက်တစ်ဖက်ကိုပါ ရိုက်ချိုးလိုက်ပြီး ထိုသူ့လက်ထဲက ဝိညာဉ်လုံးလေးကို
ဗိုက်နားက အိတ်ကပ်လေးထဲ တယုတယ ဂရုတစိုက်ထည့်လိုက်၏။

ထိုလျှင်မြန်လှသော အမှုက စက္ကန့်ဝက်ပင်ကြာလိုက်ပြီး လီစူး လောင်ဒါးကို မ ရွှေ့လိုက်ပြီး ကျန်းချိုးဆီအပြေးလာခဲ့လေသည်။ ကျန်းချိုး မျက်လုံးတို့ကိုကြည့်၍ လီစူး မျက်ခုံးတို့ တွန့်ချိုးသွား၏။

"မင်းမြင်ရတယ်?"

"ကျတော်ဘာမြင်နိုင်လို့လဲ"

ကျန်းချိုး ဘာမှနားမလည်စွာရပ်နေလိုက်မိသည်။***ဘာတွေကြောင်နေတာပါလိမ့်***

လီစူး သူ့မျက်လုံးတို့ကို ညွှန်ပြလာလေသည်။
ကျန်းချိုး သူ့မျက်လုံးကို သူပြန်ဆန်းစစ်လိုက်မိချိန်တွင် တကယ်ကြီး ကြောင်အသွားရ၏။ဂူကြီးက ပြန်အမှောင်ကျတာကြာပြီဖြစ်သော်လည်း သူက အားလုံးကိုရှင်းရှင်းလင်းလင်းကို မြင်နေရခြင်း။

"တ တကယ်ကြီး မြင်နိုင်နေတယ်!"

ဂူထဲက ကျန်းရှီအားလုံး အဖြူရောင်အရိုးတွေဖြစ်သွားပြီး ဂူထဲတွေ အရိုးတွေ အထပ်ထပ်ဖြင့်။ အသားအရောင်မရှိ မွဲခြေါက်တာထက်ပိုသော အရေပြားခြောက်ခြောက်ကြီးတို့လည်း ဂူထဲဝင်ရောက်လာခြင်းထပ်မရှိတော့သကဲ့သို့ရှိနေခဲ့သည်တို့လည်း အစအနပင် မရှိပါတော့။သို့သော်လည်း စိမ်းရွှင်ရွှင်ညီနံ့ကြီးကတော့ ကျန်းချိုးနာခေါင်းသို့တိုးဝှေ့ဆဲဖစ်ပြီး သူအသက်ရှုဖို့ပင် မသတီတော့...ထို့ထက် သူက အအန်လွယ်သော ကိုယ်ဝင်သည်တစ်ယောက်။

သွေးစုပ်ဖုတ်ကောင်၏ သန္ဓေသားနှင့်အတူနိုးထခြင်း(MMtranslation)Where stories live. Discover now