Chapter 62(full chapter)

3.8K 824 54
                                    

ရှောင်းကျန်းအရပ်မှာ ထိုစိမ်းစိုစိုသီးပင်ရှိသည့်တောင်ကုန်းထက်အနည်းငယ်သာပိုမြင့်သည်။ မြို့တွင်းတွင် ဝါကျင့်ကျင့်သီးပင်တို့သာတွေ့ခဲ့ရပြီး ဒီထဲတွင်တော့ စိမ်းစိုလတ်ဆတ်လွန်းသည့်သီးပင်တွေကအနှံ့အပြား။ ထိုအပင်တွေကြား ရေးရေးမြင်နေရသည့် ကျောက်စာတိုင်ကွဲတစ်ချပ်က ဧည့်သည်တွေကိုစိုက်ကြည့်နေသလိုပင်။

"ဒီမြေက ဖုန်းရွှေက အလောင်းကောင်တွေသရဲတွေကို မွေးထုတ်ပေးနေသလိုပဲ"

ယုရွှေ ဖုန်းရွှေသံလိုက်အိမ်မြှောင်ကိုကိုင်ရင်း

"ငါ့နောက်ပဲလိုက် "

အနောက်က နည်းနည်းလေးတောင်မကျန်ခဲ့ချင်ကြသည့်လူတွေအတွက်ပြောစရာပင်မလို။ အထူးသဖြင့် သူ့နောက် ပထမဆုံးတန်းက သူ့လက်ထဲမှန်ကမြင်နေရသည့်အရိပ်တွေကြောင့် တုန်ရီကြောက်လန့်နေကြသည့်လူတွေ။ သူတို့ရင်ဘတ်ပေါ် တာအိုစာရွက်တင်းတင်းကပ်ရင်း အကာအကွယ်ယူနေကြ၏။

ယုရွှေကအရှေ့ဆုံးကဦးဆောင်ပြီး သူ့နောက်ပထမဆုံးတန်းတွင် ကျန်းချိုးနှင့် ရှောင်းကျန်းက လီစူးဘေးတွင်ကပ်လျှောက်ရသဖြင့် ကျန်းချိုးလည်း ထိုမှန်ထဲက ဟိုဟိုဒီဒီပြေးနေသည့် အငွေ့များမြင်နေရပြီး တစ်ခါတစ်ခါ အဖြူရောင်သရဲခေါင်းများပါအတိုင်းသားမြင်နေရ၏။

လူ့ဂျိုင်းလောက်ရောက်နေသည့်ပေါင်းပင်တွေက ဒီမှာလူသွားလမ်းမရှိကြောင်းသက်သေပင်။ လမ်းဆုံးတွင်တော့ ဂူတွေမြင်နေရပြီး ထိုနေရာက တစ်မြို့လုံးရဲ့သင်္ချိုင်းကြီး။ လွန်ခဲ့သည့်ငါးနှစ်ကတော့ လူတွေဒီလာပြီးနှစ်ပတ်လည်လုပ်ပေးကြသော်လည်း အခုနှစ်သစ်ကူးတွေတွင်မလာရဲကြတော့ပဲ လမ်းမတွင်သာ ပိုက်စံရွက်မီးရှို့ပြီး ဂါရ၀ပြုကြရသည်ဆိုသည်။

သူ့အ၀တ်ဆွဲခံနေရသဖြင့်အောက်ငုံ့ကြည့်တော့ ရှောင်းကျန်းလေးဆွဲနေခြင်း။ ထို့မှသာ သူ အခု ဒီနေရာတွင် စိတ်လွင့်နေခဲ့မှန်းသတိထားမိသွားတော့သည်။

"မင်းကိုအပြစ်မတင်ပါဘူး ဒါကစိတ်လှည့်ခံရတာထက်မပိုဘူး"

ယုရွှေပြောရင်းနောက်လှည့်ကြည့်သဖြင့် ကျန်းချိုးပါလိုက်ကြည့်လိုက်မိသည်။ အနောက်ကသက်တော်စောင့်တို့မျက်နှာတွင် ပျော်သလိုလို ၀မ်းနည်းသလိုလို တစ်ခုခုကိုပဲအရမ်းလိုချင်ရမ္မက်ကြီးနေသလိုလို ခံသားချက်​ပေါင်းစုံနေကြပြီး အားလုံးအညို့ခံထားကြရ၏။

သွေးစုပ်ဖုတ်ကောင်၏ သန္ဓေသားနှင့်အတူနိုးထခြင်း(MMtranslation)Where stories live. Discover now