Chapter 1.1

87.1K 3.2K 55
                                    


T/N *June is summer in China.
*terracota warriors

*terracota warriors

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

Unicode

'ချင်းလင်တောင်ရဲ့ ကူမူးမြို့လေး(1)

အေးစက်စက်အရေပြားကြီးက ကျန်းချိုးရဲ့ကိုယ်ပေါ်မှာမှောက်လက်အနေအထားနှင်.။ သူသည်မှာလည်းအေးစက်ခြင်း၊ တုန်ရီခြင်းများစွာဖြင့်...။သူ၏မျက်ဝန်းများသည်လည်းတွေဝေခြင်းများစွားဖြင့်ဖြစ်နေသော်လည်း သူအခု ဘာတွေဖြစ်နေသည်ဆိုတာကိုတော့ သတိမလွတ်မိ။ နူးညံ့အေးစက်သော နှုတ်ခမ်းတစ်စုံသည် သူ၏ မျက်နှာပြင်မှသည် လည်ပင်း၊ လည်ပင်းမှသည် အောက်သို့တစ်ဖြေးဖြေးခြင်း လျှောဆင်းလာသည့်အခိုက်အတန့်လေး....။ ဤနေရာပြင်ကျယ်ကြီးထဲတွင် သူ၏ခပ်သဲ့သဲ့ည ည်းသံမှအပ၊ဆိုရလျှင် လူစစ်စင်ဖြစ်သောသူ၏အသံမှတစ်ပါး တိတ်ဆိတ်ငြိမ်သက်လျက်၊ သူ၏ကိုယ်ပေါ်တွင်ရှိနေသော် ထိုအရာထံမှ မည်သည့်အသံသေးသေးမျှပင် ဖွင့်အန်မကျ...။

လူသားနှင့်စိုးစဉ်းမျှမတူလေသော...

ထိုသူ၏အပွေ့အဖက်တို့မှာလည်း မြွေတစ်ကောင်၏ ရစ်ပတ်မှုမျိုး ၊ ဤအမှောင်ထုထဲတွင်သူ့ကိုဝါးမျိုမတတ်ရစ်ပတ်ထားသည်။ အမှောင်ထုထဲတွင် လင်းလက်တောက်ပနေသောတစ်ခုတည်းသောအရာသည်ကား ထိုသူ၏ အေးစက်တောက်ပနေသော၊ ညှာတာမှုကင်းမဲ့သော အကြည့်တစ်စုံတည်းသာ။

ကျန်းချိုးရုတ်တရက် အိပ်ရာထဲမှ ထထိုင်လိုက်မိ၏။ အိမ်မက်နှင့်လက်တွေ့ မသဲကွဲသေးသောမျက်ဝန်းများက ရင်းနှီးနေသော အခန်းတွင်းရောက်နေသည်ဆိုသောအသိအောက်တွင် စိတ်သက်သာရာပြန်ရမိ၏။

"ဒီအိမ်မက်ကြီး ထက်မက်ပြန်ပြီလား"

ကျန်းချိုးသူ၏ ဇောချွေးပြန်နေသော နဖူးကိုလက်ဖြင့်အသာအရာပွတ်လိုက်မိချိန်တွင်
ပျို့အန်ချင်စိတ်တို့က ရုတ်တရက်ဖြစ်လာပြန်သည်။ ရွံစရာကောင်းလိုက်တဲ့ဖြစ်ခြင်း! ရေချိုးခန်းထဲသို့ ခြေဘလာဖြင့်ပြေးရပြန်သည်။

သွေးစုပ်ဖုတ်ကောင်၏ သန္ဓေသားနှင့်အတူနိုးထခြင်း(MMtranslation)Where stories live. Discover now