Start With System

39.4K 1.5K 13
                                    

လူငယ်လေးတစ်ယောက်ရဲ့
နောက်ဆုံးအချိန်လို့ ဆိုရမည် ။

ရှောင်းအိမ်တော်ရဲ့ အသည်းညှာလေး ဖြစ်သည့် ရှောင်ရှောင်းကျန့် ကားမတော်တဆ တိမ်းမှောက်မှုဖြစ်သည်။

ယခု ၄င်းတို့ ပိုင်ဆိုင်သည့်
Novel Land ဆေးရုံ၏ အရေးပေါ်ခန်းထဲ ဆရာဝန်များစွာ အလုပ်ရှုပ်နေရသည်။

"ဥက္ကဋ္ဌ ရှောင်း ''

၃နာရီကျော် ကြာပြီးနောက် ခွဲစိပ်ခန်းထဲကထွက်လာတဲ့ ဆေးရုံအုပ် Jimmy ဂျင်မီက သူ၏ စပိန်သံဝဲဝဲနဲ့ မပီတပီ ခေါ်လာသည်။

"ပြောပါအုံး ကျန့်လေးအခြေအနေက ဘယ်လိုလဲ
ဂျင်မီ ''

ဂျင်မီက လေးပင်စွာ ခေါင်းရမ်းပြသရင်း ဆိုလာသည်။

"အကောင်းဆုံး ကြိုးစားခဲ့ပေမယ့် ရှောင်းသခင်လေး ရဲ့ ကံတရားကို လက်ခံရမှာပါပဲ သူအသက်ရှင်ချင်ရင်တောင် သတိပြန်ရလာဖို့က ခက်ခဲတယ် Coma
ဝင်သွားတယ်လို့ပြောရမယ် ဦးနှောက်လှိုင်းတွေ အလုပ်လုပ်တာ
သိပ်ကို နှေးကွေးနေတယ် ''

ရှောင်းသူဋ္ဌေးကြီးသည် ထိုနေရာ၌ ဗုန်းခနဲ ကြမ်းပြင်ပေါ်ကို ဖင်ထိုင်ချလိုက်တော့သည်။

သူချစ်ရသည့် တစ်ဦးတည်းသော ဆက်ခံသူ သားလေးမို့
၁၈နှစ်ပြည့်မွေးနေ့မှာ ပူဆာလွန်းလို့ ဝယ်ပေးလိုက်သည့် ပြိုင်ကားအဝါလေးက ယခုလို ကပ်ဆိုးကို
သယ်ဆောင်လာလိမ့်မည့်ဟု သူကိုယ်တိုင် မတွေးမိခဲ့ဖူးပေ။

သားလေး၏ ၁၈နှစ်ပြည့်မွေးနေ့က ယခုတော့ ပျော်စရာမကောင်းတော့ပေ။

တစ်ဖက်တွင် ရှောင်းကျန့်သည်
တစ်စုံတစ်ယောက်၏ ဆွဲငင်မှုကို
ခံလိုက်ရပြီး လွပ်လပ်သည့်
လေဟာနယ်ထဲမှာ ပေါ့ပါးစွာ လွင့်မျောနေသည်။

[မင်္ဂလာပါရှင် Peculiarly System မှ
သင့်အားလှိုက်လှဲစွာကြိုဆိုပါသည်။ သင်သည် ကျွန်မတို့
System ၏ Host အဖြစ် ရွေးချယ်ခြင်းကို လက်ခံရရှိပြီးဖြစ်ပါသည်။ ဒါကြောင့်... ]

"ခဏလေး.. ''

ရှောင်းကျန့်သည် မိမိအား မည်သူမည်ဝါမသိသည့် စက်ရုပ်လေသံနဲ့မိန်းမငယ်လေးကို နားလည်အောင် ရှင်းပြခိုင်းရန်
ကြိုးစားလိုက်သည်။

Peculiarly System [Completed ]Where stories live. Discover now