Arc(3.13)End

7.7K 760 10
                                    


Wedding Day

"အိုး ဒီနေ့ ကိုယ့်သတို့သားလေးကလှနေပါလား ''

"Lucas ငါက Handsome ဖြစ်တာ ဘယ်ကလှတာတုန်း ''

"မသိဘူးကွာ လှတယ် ကိုယ့် Baby လေးက ''

Jason ရဲ့စူသွားတဲ့နူတ်ခမ်းလေးကို ဖျက်ခနဲနမ်းလိုက်သည်။

"ချိုလိုက်တာ ''

"ခုနက lolipop စားထားတာလေ ''

Make-up Room ထဲမှာ ကြည်နူးနေတဲ့ နှစ်ဦးသားက အခန်းထဲဝင်လာသော မိဘတွေကြောင့် ရှက်ကိုးရှက်ကန်းဖြစ်သွားရသည်။

"ဘာအခုမှ ရှက်နေတာလဲ မင်္ဂလာခန်းမထဲဝင်ဖို့ပြင်ဆင်ကြတော့ ''

Lucas အဖေရဲ့ ရယ်သွေးနှောတဲ့စကားကြောင့် နှစ်ယောက်သား ခေါင်းလေးငုံ့ကာ ရှက်ရယ်ရယ်လိုက်ကြသည်။

Jason မိဘတွေကလည်း ပြုံးကြည့်နေကြသည်။

---

Wedding Song လေးရဲ့ ငြိမ့်ညောင်းတဲ့တေးသံအဆုံးမှာ ပွင့်သွားသည့် တံခါးချပ်နှစ်ခုကို Lucas ကမျှော်ငေးကြည့်သည်။
မိုးပြာရောင် ဝတ်စုံနဲ့ ဝင်လာသော ချစ်ရသူကို ငေးကြည့်ရင်း ပီတိဖြစ်နေရသည်။

မိမိဆီသို့လျှောက်လှမ်းလာသူလေးက မခို့တရို့အပြုံးလေးနဲ့ ကြည့်နေသေးသည်။

နှစ်ဦးသား ကတိကဝတ်ပြုပြီးနောက် အနမ်းဖလှယ်ရင်း မင်္ဂလာပွဲ အထမြောက်ပြီးစီးသွားပြီ ဖြစ်သည်။

ပင်လယ်ကမ်းခြေကို HoneyMoon ထွက်ခဲ့ကြသည်။

--------

"Baby ဘာတွေလုပ်နေတာလဲ ''

"ညစာချက်နေတယ် ''

"အော် ''

Jason က အိမ်ထောင်မှုနိုင်နင်းတဲ့အိမ်ရှင်သားတစ်ယောက်ပီသသလို Lucas ကလည်း ငွေရှာတော်ပြီး အရာရာပြီးပြည့်စုံသည့် အိမ်ထောင်ဦးစီး ပီသသည်။

" ရေချိုးလေ ပြီးရင် ထမင်းစားရအောင် နော် ''

"အင်း ''

Jason ၏ ပါးလေးတစ်ဖက်ကို မွှေးကြူလိုက်ရင်း နှာခေါင်းရှုံ့လိုက်သည်။

"ဟွန့် ဝက်ငရုတ်မွှေးနံ့တွေရနေတယ်''

"ဟုတ်တယ် ဝက်သားငရုတ်သီးမွှေးကြော်
လုပ်ထားတာ ''

Peculiarly System [Completed ]Where stories live. Discover now