Arc(9.5)

3.3K 416 6
                                    


" ကလေတန် ဒီညီလေး ညတုန်းက အိပ်မက်မက်တယ် သိလား ''

ငွေရောင်အမြီးရှည်ကြီးနဲ့ ငွေရောင်ဆံနွယ်တွေပိုင်ဆိုင်ထားတဲ့ ကလေတန်ဆဲလ်ဗားက ကျောက်ဖျာချပ်ပေါ်မှာ ငြိမ်သက်စွာ ထိုင်နေပြီး သူ၏ လက်တစ်ဖက်ဆီမှာ ထူးခတ်ခံထားရသည်။

" ကလေတန် မင်းဒီမှာနေရတာအဆင်ပြေပါရဲ့လား အဟက် ''

"......''

" ကလေတန် မင်းက ဒီနေရာကို ရောက်နေတာတောင် မာနကြီးနေတုန်းလား ''

"........''

" ကလေတန် မင်းကို ငါက အဲ့တာတွေမုန်းတာ သိလား..အမ်မီလီ ကိုလည်း  မင်းရဲ့ ဒီပုံစံကဆွဲဆောင်သွားတာလေ ''

မာလေက တစ်ယောက်တည်း စကားပြောနေရတာမို့ စိတ်မရှည်တော့ပေ။

" မင်းရဲ့ သားလေးတောင် အရွယ်ရောက်နေရောပေါ့ သူ့ကို ဘယ်ပို့ထားတာလဲ ဒီညီလေးက သွားပြီး တွေ့ချင်လို့ ''

" မာလေ ''

" နောက်ဆုံးတော့ ဒီညီလေးကို စကားပြောပြီပေါ့ ကလေတန် .အဟက်..ပြောစမ်းပါအုံး၊ တူလေးကို ဘယ်ပို့ထားတာလဲ ဆိုတာလေး..အဟင်း   ''

" မာလေ မင်းက ယုတ်မာတယ် ''

" အိုး....ဟုတ်တယ်ဗျ သိပ်ဟုတ်တာပေါ့
အခုလည်း တူလေးအပေါ်ယုတ်မာမလို့လေ ဘယ်မှာလဲ ပြောစမ်းပါ ''

" ......''

ကလေတန်ဆဲလ်ဗားက မာလေကို မုန်းတီးစက်ဆုပ်စွာကြည့်ပြီး ဒေါသကို လျှော့ချနေရသည်။

" အိပ်မက်ထဲမှာလေ မင်းရဲ့သားက အမ်မီလီနဲ့ တထေရာတည်းပဲ သိလား ...အဟား..ငါလေငါ့ရဲ့မိတ်ဖက်အဖြစ်သတ်မှတ်ဖို့မစောင့်နိုင်တော့ဘူး.. သူ့ကိုတွေ့ရင် မင်းရဲ့ ရှေ့မှာ မိတ်လိုက်ပြမယ် မင်းကြည့်ဖို့ အားမွေးထား ''

" တောက်!! မာလေ..မင်း! !''

မာလေသည် အနီရောင်အမြီးကို ခတ်ကာ ထိုကျောက်ဂူမှထွက်လိုက်ပြီး အပြင်ရောက်သည်နှင့် တခြမ်းစောင်းအပြုံးကြီးပြုံးလိုက်သည်။

" ဘာပဲဖြစ်ဖြစ် သူက ငါရဲ့ ကြင်ယာတော် ဖြစ်ကိုဖြစ်ရမယ် ''

Peculiarly System [Completed ]Where stories live. Discover now