Arc(3.11)

6.9K 735 3
                                    

ညနေခင်း တစ်ခု ။
အချိန်က ၃နာရီခန့်။
Noah နဲ့ Lucas ကို ရှောင်းကျန့်က ချိန်းထားသည်။

ဒီနေ့ အားလုံးရှင်းပြပြီး သူကိုယ်တိုင်က
Lucas ကိုရွေးချယ်ထားတဲ့အကြောင်း ပြောပြမည်ဖြစ်သည်။

Noah စိတ်ထဲမှာ Jason က ငွေမက်တဲ့ သူလို မြင်ကောင်းမြင်နိုင်သည်။ သို့ပေသည့် ဂရုစိုက်မနေနိုင်ပေ။ သူ့၏ ချစ်သူကို သူရွေးချယ်တာဖြစ်သည်မို့ ဘာမှ သူ့အတွက် ထွေထူးမနေ။

ခဏအကြာမှာ ရောက်လာတာ Noah ဖြစ်သည်။

Noah ရဲ့ မျက်နှာက နတ်သားလေးလိုနူးညံ့နေပြီး Jason ကိုပြုံးကြည့်နေသည်။

"ရောက်နေတာကြာပြီလား Jas ''

"ဟင့်အင်း မကြာသေးဘူး ထိုင်လေ''

ရောက်ရှိနေတာက Cafe ဆိုင်လေးဖြစ်ပြီး
ဆိတ်ငြိမ်အေးတိတ်နေလျက်ရှိတာကြောင့်
သူတို့အတွက် အဆင်ပြေသည် ။

သီးသန့်နေရာဟုဆိုနိုင်သည့် ချောင်နေရာလေးမို့  သူတို့နားမှာ ဘယ်သူမှ မရှိတာကြောင့်  ပိုပြီး အဆင်ပြေသည် ။

နှစ်ယောက်သား ကော်ဖီတစ်ခွက်စီမှာလိုက်ပြီး စကားပြောနေကြသည်။

"Sorry ငါနောက်ကျသွားတယ် ''

Lucas က ပြောရင်း Jason ဘေးမှာ ဝင်ထိုင်လိုက်ကာ Jason လက်ထဲက သောက်လက်စကော်ဖီကိုယူသောက်လိုက်သည်။

"Lu Lucas ''

"စိတ်မဆိုးဘူးမလား ''

Lucas က ကော်ဖီယူသောက်လိုက်လို့ တအံ့တသြ ဖြစ်နေတဲ့ Jason ရဲ့ ထစ်ထစ်ငေါ့ငေါ့စကားကြောင့် ဟီးခနဲရယ်ပြကာမေးလိုက်သည်။ ခေါင်းရမ်းပြသည့် ကြောင်တောင်တောင်ပုံစံလေးနဲ့ Jason က ချစ်ဖို့ကောင်းတာထက်ပိုသည်။

Noah ကတော့ ပျက်နေတဲ့မျက်နှာနဲ့အတူ လက်သီးကို ကျစ်နေအောင်ဆုပ်ထားမိသည် ။ သူ့ပုံစံက နတ်သားလေးတစ်ပါး စိတ်ကို ထိန်းချုပ်နေဟန်နှင့်ပင်ဆင်တူနေသည်။


"ဟို တစ်ခုခုမှာလေ မင်းတို့စားချင်တာဘာပဲဖြစ်ဖြစ် ''

အသက်သွင်းပေးလိုက်သည့် Jason စကားကို Noah နဲ့ Lucas က ခေါင်းညိတ်ကာ Waiter ကို ခေါ်ပြီး မှာလိုက်ကြသည်။

Peculiarly System [Completed ]Where stories live. Discover now