Arc(12.11)End

3.1K 313 13
                                    


" ဂျက်ဖရီ ၊ အန်ဒရူး ထတော့လေ မနက်စာစားကြမယ် ''

မနက်ခင်းတိုင်းမှာ မရိုးနိုင်တဲ့ ဘန်ရဲ့ ဆည်းလည်းလိုသံချိုနှောနေတဲ့ နိူးစက်သံလေးကြောင့် အန်ဒရူးနဲ့ ဂျက်ဖရီက ငေါက်ခနဲထလာသည်။

" လူပဲထ တခြားဟာတွေ မထနဲ့ ၊ မျက်စိနောက်လာရင် အကုန်လိမ်ချိုးပစ်မယ်''

ဘန်ဟာ ဂျက်ဖရီနဲ့အန်ဒရူးကို မျက်လုံးစိမ်းတွေနဲ့ သတိပေးသလို ကြည့်ပြီး ချိန်းခြောက်လိုက်သည်။

ထိုအခါကျမှ နှစ်ယောက်သားက သွားတွေဖြီးကာ တဟဲဟဲ မျက်နှာချိုသွေးလို့ ဘန့်ကို ကြည့်နေကြပြန်လေသည်။

" ဘာလုပ်နေတာလဲ ၊ သွားလေ.. ရေချိုးအဝတ်လဲ..ပြီးရင်မနက်စာစားမယ် နှစ်ယောက်စလုံးနော် ''

အန်ဒရူးနဲ့ဂျက်ဖရီက မူကြိုက ကလေးတွေလိုမျိုး ခေါင်းလေးတဆတ်ဆတ်ညိတ်ရင်း ဘာမှ ပြန်မပြောကြပေ။

ဘန်က အားနည်းတဲ့ ယုန်ကလေးဆိုပေမယ့် အားကြီးတဲ့ လင်နှစ်ယောက်ကို ဘယ်လောက်ထိနိုင်စားသလဲဆိုတာ ပြေးကြည့်စရာတောင်မလိုပေ။

အခန်းထဲကနေ ဘန်က ထွက်သွားပြီမို့ ဂျက်ဖရီနဲ့အန်ဒရူးက မျက်နှာချင်းဆိုင်ကာ ပြိုင်တူ ခေါင်းရမ်းမိတော့သည်။

သူတို့နှစ်ဦးအတွက် ဘန်ကိုနိုင်တဲ့အချိန်ဟာ အိပ်ယာထဲမှာ ပလေးတဲ့အချိန်လေးပဲရှိတယ်။
ကျန်တဲ့အချိန်ဆိုရင် ဘန်က သူတို့နှစ်ယောက်ကို သိပ်နိုင်းစားလွန်းသည်မို့။

............

" အန်ကယ်ဘန် ''

" ဖရက်ဒီ သားလေး ''

ဇာတ်လိုက်မနဲ့ ဇာတ်လိုက်တို့၏ သားကလေးသည် ဂျက်ဖရီရဲ့ သွေးတွေကို သောက်ခဲ့ရ၍လားမသိ။
ဘန့်ကို သိပ်ချစ်နေပါရဲ့။

ဒူးလေးတစ်ဖက်ထောက်ရင်း ဘန်က လက်တွေ ဆန့်တန်းလိုက်တဲ့အခါ ဖရက်ဒီက ဘန်ကို ဖက်ပြီး အနမ်းတွေပေးလေသည်။

" အန်ကယ်ဘန် ဖရက်ဒီကိုချစ်လား ''

" ချစ်တာပေါ့ ဖရက်ဒီလေးက ဒီလောက်ချစ်ဖို့ကောင်းနေတာကို''

Peculiarly System [Completed ]Where stories live. Discover now