Arc(9.8)

3K 439 22
                                    

" ၂လတောင်ပြည့်တော့မယ် မြေးလေးရဲ့အရိပ်အယောင်တောင်မမြင်ရသေးဘူး ''

မိုင်လီက ကမ်းခြေကို ဖြတ်တိုက်လာတဲ့ လေညှင်းတွေကြောင့် ယိမ်းထိုးနေသောအုန်းပင်တွေကြားမှ ဝိုင်းဝိုင်းစက်စက်သာနေသော လမင်းကြီးကို ကြည့်ပြီး ရေရွတ်လိုက်သည်။

" ဖွားဖွား.. အားဆေးသောက်ရအောင်''

လော်ရာရဲ့စကားကြောင့် အဖွားမိုင်လီက ဝရံတာမှာ ရပ်နေရင်းကနေ အခန်းထဲက ကုတင်ဆီ ဦးတည်လျှောက်လှမ်းလာသည်။

" ဖွားဖွား ဒါလေးအရင်စားနော် ''

ကိတ်မုန့်တစ်ခုကိုလော်ရာရဲ့လက်ထဲကနေ ယူလိုက်ပြီး အဖွားမိုင်လီကဖြေးဖြေးချင်းစားနေသည်။

ထို့နောက် သူမသည် အားဆေးကိုသောက်ကာ ကုတင်ပေါ်မှာ လဲလျောင်းအိပ်စက်တော့သည်။
လော်ရာလည်း ဖွားဖွားကို စောင်ခြုံပေးကာ ပြတင်းတံခါးတွေဆွဲပိတ်ပြီး အခန်းထဲမှ ထွက်သွားသည်။

.
.
.

" လော်ရာ.. ငါတို့ ကမ်းခြေဘက်မှာ လမ်းလျှောက်ရင်း စကားပြောကြမလား''

" အင်း သွားကြတာပေါ့ ''

ဟူဂို၏စကားကို သူမက လက်ခံလိုက်ပြီးနောက်...

လှိုင်းပုတ်သံတွေဆူညံနေတဲ့ ပင်လယ်ပြင်ကြီးကို ဖြတ်တိုက်လာတဲ့ လေပြေက အဝတ်အစားတွေပင်လွင့်လူးနေစေသည်။

လော်ရာက သူမရဲ့ ဆံပင်တွေကို နားနောက်မှာ သပ်တင်လိုက်ရင်း သောင်ခုံပြင်ပေါ်မှာ ထိုင်ချလိုက်သည် ။

" လော်ရာ..ငါပြောမယ့်စကားက နင့်အတွက် နည်းနည်းလေးတော့ ဟာသမြောက်နေလိမ့်မယ် ဒါပေမယ့် အဲ့တာက အတည်တဲ့..''

" အဲ့တာကဘာလဲ ''

"   အကွာကရေသူမျိုးနွယ်ကတဲ့ ''

လော်ရာက ခေါင်းတညိတ်ညိတ်နဲ့ပြုံးပြတယ်။ ဒါဟာ သူမသိပြီးသားဆိုတဲ့သဘော။

" နင် သိနှင့်နေတာလား ''

" အင်း ငါလည်းမယုံနိုင်ဘူး..ဟိုပရော်ဖက်ဆာမထရီဇာကြောင့်..''

" သူမက ဘယ်လိုသိတာလဲ မသိဘူးနော် ''

" အင်း အကွာရေထဲမှာတော်တော်ကြာနေပြီ ၂လပြည့်တော့မယ်လေ..အဲ့တော့ ''

Peculiarly System [Completed ]Where stories live. Discover now