Arc(4.3)

7.6K 824 43
                                    

စာမေးပွဲဖြေနေစဉ်အတောအတွင်းမှာ ဟာမင်ယောင်းသည်လည်း သူ့အရှေ့ကိုပေါ်မလာတာကြောင့် စိတ်အေးနေခဲ့ရသည်။
သို့သော်......

"ဂျွန်ဆန်း ''

သက်ပြင်းသာ ချနိုင်တော့သည် ။
ဒီ ဟာမင်ယောင်း ဘာကိစ္စရှိလို့ သူ့ကို လာရှာတာပါလိမ့်... ။

ဂျွန်ဆန်းက အိမ်နေရင်း ပေါ့ပါးစွာ ဝတ်ဆင်ထားပုံလေးက အသည်းယားစရာထက်ပိုနေပြန်သည်။ ထိပ်မှာ ကြက်တောင်စည်းလေးစည်းထားသည့်အတွက် မမှီတဲ့ဟိုတစ်မွှေးဒီတစ်မျှင် ဆံပင်လေးတွေကလည်းကျနေတာမို့ချစ်စရာကောင်းနေသေးသည်။

"ဘာကိစ္စရှိလို့လဲ ''

နူတ်ခမ်းစူကာ မေးလာသည့် ဂျွန်ဆန်းက သည်လောက် ချစ်စရာကောင်းလွန်းတာကို သူဘာကြောင့် မမြင်ခဲ့ရပါသလဲဟု မင်ယောင်းတွေးနေမိသည်။

"ငါ ပြောစရာရှိတယ် ''

"အင်း ပြောလေ ပြီးရင် ပြန်တော့ ''

" ငါတောင်းပန်ပါတယ် ငါ့ကို အဲ့လို မဆက်ဆံပါနဲ့ ''

မျက်ရည်တွေ ဝိုင်းနေသည့် မျက်ဝန်းတွေနဲ့ကြည့်လာသည့် ဇာတ်လိုက်က သနားစဖွယ်။
သို့ပေသည့် သူ့အတွက်တော့ အပိုတွေဟုသာ တွေးလိုက်တော့သည်။

"ဟာမင်ယောင်းရေ ဟာမင်ယောင်း ငါ့ဘဝမှာ ဘာကို အမုန်းဆုံးလဲဆိုတာ မင်းကို ပြောပြလိုက်မယ် ငါ ငါကလေ
ကြာပန်းဖြူ ကို အမုန်းဆုံးပဲ ''

" ငါက ကြာပန်းဖြူ မဟုတ်ပါဘူး ငါအဲ့လိုလူစားမဟုတ်ပါဘူး ဂျွန်ဆန်း ''

"အဲ့တာက မင်းကိုယ်တိုင် ကိုယ့်ကိုယ်ကို ပြန်သုံးသပ်ကြည့်ပေါ့ မဟုတ်ဘူးလား
ဒါတွေပြောဖို့ဆိုရင် မင်းငါ့ဆီထပ်မလာနဲ့တော့ ငါက ခေါင်းထဲမှာ မထားထားဘူး အဲ့တာက ငါ့အတွက် အသုံးမဝင်ဘူး ''

"ငါတို့အရင်လို ပြန်နေကြဖို့မဖြစ်နိုင်တော့ဘူးလား ဂျွန်ဆန်း ''

"ဘယ်သူက စပြီး သွေးကွဲတာလဲ ဘယ်သူက သွေးခွဲတာလဲ မင်းဘာသာမင်း စဉ်းစားကြည့်လေ ''

ထိုင်နေတဲ့ ဒန်းလေးကနေထလိုက်ပြီး အိမ်ကြီးထဲဝင်သွားသည့် ဂျွန်ဆန်းကို နောင်တရစွာငေးကြည့်နေမိသည်။
သူ့အပေါ်မှာ တအားချစ်တဲ့ဂျွန်ဆန်းက
အဲ့လိုမျိုးတွေ ဖြစ်သွားလိမ့်မယ်လို့သူမထင်ထားခဲ့တာကြောင့်လဲ သူသည်လိုမျိုးလုပ်မိတာဖြစ်သည်။

Peculiarly System [Completed ]Where stories live. Discover now