Arc(13.10)

1.6K 206 5
                                    


ခရစ်စတန်က ခိုးကြောင်ခိုးဝှက်နဲ့ အစ်မဖြစ်သူ၏ နောက်ကနေ တိတ်တိတ်လေး လိုက်ခဲ့သည်။

ဒီနေ့ ကဖေးဆိုင်တစ်ခုမှာ ဂျက်စီကာကို မမက ချိန်းဆိုထားတာဖြစ်လို့ပင်။

ထိုင်နေတဲ့ မမနဲ့ကျောချင်းကပ်လျက်မှာ ခရစ်စတန်က မသိသာအောင် ဝင်ထိုင်လိုက်ပြီး ဘာတွေပြောနေသလဲ ခိုးနားထောင်ဖို့​ဖြစ်သည်။

" ခရစ်စတန်ရဲ့အစ်မနော် ? ကျွန်မနည်းနည်းလေး နောက်ကျသွားတယ် တောင်းပန်ပါတယ် ''

" ရပါတယ် တို့လည်းရောက်တာမကြာသေးဘူး..မင်း တစ်ခုခု မှာလေ ''

ဂျက်စီကာက ဖော်ရွေသည်။ ဆိုရှယ်ကောင်းသည်မို့ အစ်မဇိုဝီအတွက် တနင့်တပိုးစကားတွေဟာ လည်ချောင်းထဲမှာ တစ်လစ်ဖြစ်နေတော့မည်ကို ခရစ်စတန်က တွေးပြီးပြုံးလိုက်မိသည် ။

ဂျက်စီကာက လက်ဖက်ရည်တစ်ခွက်နဲ့ချိစ်ပေါင်မုန့်ကိုမှာလိုက်သည်။
တစ်ဖက်က စကားမဆိုလာတဲ့ အတွက် သူမဘက်က စတင်ပြောရတော့မည်။

" မစ္စ က ကျွန်မကို ဘာပြောချင်ပါသလဲ ၊ အခုလို တကူးတကချိန်းဆိုပုံထောက်ရင် မစ္စမှာ ကျွန်မကို ပြောစရာရှိကိုရှိမှာပဲ ''

" အဟင်း.. ဟုတ်တယ် တို့ကခရစ်စတန်လေးကို သိပ်ချစ်တာမို့ သူနဲ့လက်တွဲမယ့်သူကို အကဲခတ်ရင်း စကားလေးနည်းနည်းပြောကြည့်ချင်လို့''

ဂျက်စီကာက စားပွဲထိုးလာချပေးသွားသော လက်ဖက်ရည်ကို အာစွတ်ရုံ တစ်ငုံသောက်လိုက်သည် ။
သူမကြည့်ရတာ ဇိုဝီက သူမကို မကြည်ရှုစိတ်ဖြစ်နေတာလို့ထင်သည်။

" အော် ၊ ဟုတ်ကဲ့ ''

" မင်းနဲ့ ခရစ်စတန်က တွေ့ပြီး ဒိတ်ကြည့်တာတစ်ရက်ပဲရှိသေးတယ် ဘာလို့ အရမ်းကြီး ရင့းနှီးသွားကြသလဲဆိုတာ တို့စဉ်းစားနေတာ ၊ မင်းနဲ့ စေ့စပ်ပွဲကို အမြန်စီစဉ်ချင်နေတဲ့ တို့မိဘတွေကိုလည်း တို့အံ့သြမိတယ် ''

".....''

" မင်းကို ကြည့်ရတာ သာမန်ပါပဲ ၊ ဘာလို့ တို့မိဘတွေနဲ့တို့မောင်လေးက သည်းသည်းလှုပ်သွားကြသလဲဆိုတာ တို့နားကိုမလည်တော့ဘူး ''

Peculiarly System [Completed ]Where stories live. Discover now