Arc(12.7)

2.5K 328 11
                                    


မနက်ခင်းမှာ ချစ်ရသူနဲ့နှစ်ယောက်အတူ နိုးထလာရတဲ့ခံစားချက်က အလွန်ကြည်နူးဖို့ကောင်းတယ်မဟုတ်လား။

ညကျမှအခန်းခွဲအိပ်မယ်ဆိုတဲ့ ဘန်က ပြောပြီးကတည်းက အိပ်ပျော်သွားလိုက်တာ ဒီမနက်ရောက်တဲ့အထိ မနိုးသေးပါဘူး။

ဂျက်ဖရီက ဘန့်ကို ငေးကြည့်နေရာမှ ပါးလေးကို အနမ်းတစ်ချက်ပေးကာ မွှေးကြူလိုက်ရင်း နူးနူးညံ့ညံ့နဲ့ စကားဆိုလိုက်သည်။

" ဟန်နီ ထတော့လေ ''

" နိူးနေပါပြီ..မျက်စိတွေက မပွင့်သေးတာပါ ဒါလင်ရာ ''

အိပ်ချင်မူးတူး လေသံနဲ့ ပြောလာတဲ့ဘန်ရဲ့ နူတ်ခမ်းပါးလေးကို ဂျက်ဖရီက တစ်ချက်ဆွဲစုပ်လိုက်ပြီး ကုတင်ပေါ်က ဆင်းလိုက်သည်။

ထို့နောက် ဂျက်ဖရီက နူတ်ခမ်းတွန့်ရုံပြုံးလိုက်ပြီး   အသည်းယားစွာ ပွေ့ချီလိုက်တဲ့အခါ ဘန့်ရဲ့ မျက်လုံးလေးတွေက ဖျက်ခနဲ ပွင့်လာခဲ့သည်။

" ဂျက်ဖရီ.. ဘာလုပ်တာလဲ ၊ ချပေး''

" မနက်ဖြန်ညမှ ချပေးမယ်နော်''

" ဘာပြောတာလဲ.. အောက်ကိုချပေးဖို့ပြောနေတာလေ ''

" မသိပါဘူး..ကိုယ်က ''

" တော်တော့..ဒါနဲ့   မနက်ဖြန်ညကဘာမို့လို့လဲ ''

" ကိုယ်နဲ့ဟန်နီနဲ့ရဲ့ မင်္ဂလာဦးညလေ''

" ဘယ်သူကဆောင်မယ်ပြောလို့လဲ ''

နှာခေါင်းလေးရှုံ့ကာ အောင့်စူစူနဲ့ မျက်စောင်းထိုးရင်းပြောလာတဲ့ဘန့်ရဲ့ ပါးလေးကို ဂျက်ဖရီက တစ်ဖန်ထပ်နမ်းပြန်သည်။

အခန်းလေးထဲမှာ ရယ်သံတွေက ဆူဆူညံလို့နေပါရဲ့။

........

မနက်စာစားပြီးတဲ့အချိန်ကနေစပြီး ဂျက်ဖရီက အလုပ်တွေရှုပ်နေတော့တာမို့ ဘန်က အခန်းထဲမှာ ငြိမ်ငြိမ်လေးနေပြီး Kitty နဲ့စကားစမြည်ပြောမိသည်။

ယခုဆို ညနေဘက်တောင်ရောက်လုနေပြီဖြစ်သည်။ ရယ်စရာမောစရာတွေ ထွေရာလေးပါးလျှောက်အတင်းပြောပြီးမှ Kitty က တစ်ခုခုကို သတိရသွားလေဟန်ဖြင့် သက်ပြင်းချလေသည်။

Peculiarly System [Completed ]Where stories live. Discover now