Arc(1.7)

9.2K 925 17
                                    

ရှောင်းကျန့်သည် အေးစက်မှောင်မဲသော အခန်းထဲမှာ ရောက်ရှိနေမှန်းသိလိုက်ရသည်။

ကိုက်ခဲနေသည့် နားထင်ကို နိုပ်နယ်ရင်း
ဘေးမှ အသံတွေကို နားစွင့်လိုက်သည်။

"အဲ့ဒီ ကောင်လေးက ချစ်စရာလေးကွာ ငါကတော့ သူနိုးတဲ့အထိမစောင့်ချင်တော့ဘူး ''

"ဘိုးတော်က မှာထားတယ်လေ ကောင်လေးနိုးရင်သူ့ကိုအရင်ပြောတဲ့ သူစားပြီးမှ ငါတို့က စားရမှာ ''

"သနားစရာလေး သူ့ကို ငါတို့သတ်စရာတောင်မလိုဘူး နောက်ဆုံး တစ်ယောက်လက်ထဲတင်အသက်ထွက်မှာ သေချာတယ် ''

"နောက်ဆုံးတစ်ယောက်တော့ ငါမလုပ်ဘူး ဘိုးတော် ပြီးတာနဲ့ ငါလုပ်မယ် ''

"ဟ ငါက စကားပြောတာပါ အဲ့လောက်ထိမဖြစ်ပါဘူး မင်းကလည်း ''

"ဘာပဲဖြစ်ဖြစ် ငါက ဘိုးတော် ပြီးရင် လုပ်မှာ ''

"အေး မင်းတို့ သဘောပဲ ငါက နောက်ဆုံးမှလုပ်မယ် မသေမရှင်အလှလေးကို ရှု့စားပြီး ဟက် ''

ယောကျာ်းတစ်ယောက်ကို မဒိမ်းကျင့်ဖို့ စိတ်အားထက်သန်နေသည့် အနှီယောကျာ်းသားငါးဦးအား ရွံစရာကြီး လို ရှောင်းကျန့်မြင်မိသည်။

မူလက ပရင်းသည်လည်း တကယ်ပင် နောက်ဆုံးတစ်ယောက်၏ ပြီးမြောက်ခြင်းနှင့်အတူ အသက်ထွက်သွားခဲ့ရသည်။

ရုတ်တရက် ဝင်လာတဲ့ ကြောက်စိတ်တွေကို ချိုးနိုမ်ရင်း အိပ်ချင်ယောင်ဆောင်ကာငြိမ်သက်နေလိုက်သည်။

System မင်းရှိနေလား လာခဲ့

[Host ကို ကူညီဖို့ System က အသင့်ရှိနေပါတယ်]

အပိုတွေမပြောနဲ့ အခုငါက ဒီအခြေအနေမှာ ဘယ်လိုလုပ်မှ လွတ်မြောက်နိုင်မှာလဲ မင်းပြောစမ်းSystem

[ဒီအခန်းက Host အတွက် ကြီးမားတဲ့ စိန်ခေါ်မှုပဲ ဒါကြောင့် ကိုယ့်အားကိုကိုးပြီး လွတ်မြောက်အောင်ရုန်းထွက်ဖို့လိုပါတယ် System က Host အတွက် support ပေးမှာပါ ]

အဲ့တာဆို ဒီလိုလုပ်မယ် ငါ သူတို့ ရန်ဖြစ်အောင် လုပ်လို့ရတယ် မလား
သူတို့စိတ်ဓာတ်လေးတွေဘယ်လိုလဲငါ့ကို အမြန်ပြော System

Peculiarly System [Completed ]Where stories live. Discover now