Arc(9.13)End

3.8K 383 5
                                    

" ရှုံးခါနီးလို့ ဒေါသကြီးနေတာလား ညီတော်မာလေ ''

ဒီစကားအဆုံးမှာ မာလေရဲ့ မျက်နှာက ပျက်ယွင်းသွားပြီး တစ်ဖက်လူကို ဒေါသကြီးစွာ လှည့်ကြည့်လိုက်သည်။

" သိပ်အံ့သြသွားတာလား... ''

ကလေတန်က ဆက်ပြောပြီး မာလေကို ပြုံးပြုံးလေး နူတ်ဆက်လိုက်သည် ။

ကလေတန်ကိုမြင်သွားကြသော ရေအောက်ပြည်သားတွေက အံ့သြ ငြိမ်သက်ပြီး မပြောနိုင်မဆိုနိုင်မှင်သက်နေကြသည်။

သူတို့ရဲ့ ဘုရင်ကြီးက မသေသေးဘူး ။

မာလေရဲ့မျက်နှာက မှောင်မဲလာပြီး ငါးမန်းတွေအား ကလေတန်ကို ကိုက်ဖြတ်စားသောက်ကြဖို့ အမိန့်ပေးလိုက်သည်။

ထိုအမိန့်ကြောင့် အားလုံးဟာ ပြန်လည်သတိဝင်လာကြပြီး ဒုတိယအကြိမ် ထပ်မံ၍ အံ့သြကြရပြန်သည်။

ဘယ်လိို..ဧကရာဇ် မာလေက ဘုရင်ကလေတန်ကို ငါးမန်းစာအဖြစ်ကြေညာလိုက်တာလား...

မာလေထံရောက်လာသော ရေသူထီးရေသူမများစွာ၏ အကြည့်သည် ကြောက်ရွံ့ထိတ်လန့်မှုတွေ၊ ရွံရှာမုန်းတီးမှုတွေ ပြည့်နှက်နေသော်လည်း ဘယ်သူကမှ ဦးဆောင်မတော်လှန်ရဲပေ။

ဗစ်တာမှာ ယခုလောလောဆယ် မာလေနဲ့အနီးကပ်တွင်ရှိပြီး အခြေအနေအရပ်ရပ်ကိုသုံးသပ်နေသည်။

ငါးမန်းတို့သည် ကလေတန်အနီးသို့ ဖြေးညှင်းစွာ ကပ်သွားကြပြီး ချွန်ထက်သော အစွယ်တို့ကို ဖြဲကာ မာန်ဖီပြနေ၏။

" မင်းတို့မှာ သူ့အမိန့်ကိုနာခံဖို့အကြောင်းပြချက်ခိုင်လုံလို့လား ''

ကလေတန်၏ စကားကြောင့် ငါးမန်းကြီး လေးကောင်သည် ရပ်တန့်သွားပြီး ကလေတန်ကိုတစ်လှည့်မာလေကိုတစ်လှည့်ကြည့်နေကြသည်။ ကလေတန်က ဆက်ပြောသည် ။

" မာလေဆီမှာ တော်ဝင်ပုလဲသရဖူရှိလို့လား ''

ထပ်ပြောလာသည့် ကလေတန်ရဲ့စကားကြောင့် မာလေက မျက်နှာပျက်သွားသော်လည်း ချက်ချင်းပြင်လိုက်ပြီး
ကလေတန်ကို ကြည့်ကာ တစ်ချက်ရယ်လိုက်သည်။

Peculiarly System [Completed ]Where stories live. Discover now