Arc(1.3)

10.6K 1.1K 57
                                    

ကျောင်းဆင်းချိန်ရောက်ပြီမို့ ပရင်းအဝတ်အစားတွေပြန်လဲပြီး ကျောင်းရှေ့မှာရပ်ကာ လာကြိုမည့်ကားကိုစောင့်နေလိုက်သည်။

"Sorry ကိုယ်နည်းနည်းနောက်ကျသွားတယ် ''

နွတ်က ပရင်းကို စိတ်ဆိုးနေမလား ဆိုတဲ့အတွေးနဲ့တောင်းပန်စကားဆိုသည်။
တကယ်တော့ ပရင်းလည်းစိတ်ဆိုးနေမိပါသည်။

"လာကြိုတာ နောက်ကျမယ်ဆိုလည်း တခြားသူနဲ့လွှဲထားလေ အခု ပရင်းရဲ့အချိန်တွေ အလကားဖြစ်ကုန်ပြီ ''

ပရင်းရဲ့စကားသံက ခပ်စွာစွာလေး ။

"ပရင်းက ကိုယ့်ကို စိတ်ဆိုးသွားတာလား တောင်းပန်ပါတယ် ကိုယ်က''

"ရပါတယ် ပရင်းစိတ်မဆိုးပါဘူး ဖွားနုကိုပြောလိုက်မယ် ပရင်းလည်း အကိုနွတ်ရဲ့အချိန်တွေကို ဖဲ့သုံးနေရတာဆိုတော့ အားနာလို့ပါ ''

ပရင်းအသံက မမာသော်လည်း မနူးညံ့
နွတ်ကို စိတ်ရှုပ်နေတဲ့အကြောင်းအသိအသာပင် ။

ပရန်နွတ်နားမလည်နိုင် ။ မှုန်ကုပ်ကုပ် မျက်နှာထားနဲ့ ပရင်းကို အရင်စိတ်နဲ့ဆိုရင် ဒေါသထွက်မိမှာမှန်ပေမယ့် ယခု ချစ်ဖို့ကောင်းသလို ခံစားနေရသည်။

*ဒီဟာလေးက ငါ့ကို ဘာလို့အဲ့လောက်ထိ အမြင်ကတ်နေရတာလဲ? *

"ဘာလို့ ကိုယ့်ကို အမြင်မကြည် ဖြစ်နေတာလဲ ပရင်း ''

"ပရင်းက အဲ့လို့ပြောမိလို့လား ''

"ဒါပေမယ့် ''

"ထားပါတော့ ပြန်ကြမယ် နောက်ကျနေပြီ ''

"...''

နွတ်ဘာမှမပြောဘဲ ကားတံခါးဖွင့်ပြီး ပရင်းကိုထိုင်စေလိုက်သည်။ ထို့နောက် မောင်းသူနေရာမှာ ပြန်ထိုင်ကာ ရွှေစံအိမ်သို့ပြန်လာခဲ့သည်။

.
.
.

[Host ]

ဘာလဲ

[Congratulations ပါ ]

ဘာအတွက်လဲ

[ဇာတ်လိုက်က Host ကို စိတ်ဝင်စားနေပြီ အဲ့လိုလုပ်နိုင်တဲ့အတွက်ဂုဏ်ပြုပါတယ်]

လေရှည်မနေနဲ့ ငါ့ကို points မပေးဘဲနဲ့ ဟွန့်

ရှောင်းကျန့်က စိတ်မရှည်စွာ System အား နှာခေါင်းရှုံ့သည်။

Peculiarly System [Completed ]Where stories live. Discover now