Arc(6.2)

6.8K 881 19
                                    

အိမ်ထဲဝင်ပြီး စိတ်ထဲက မကြည်တာမို့ ဧည့်ခန်းက ဆိုဖာမှာ ပစ်လှဲချလိုက်သည် ။

ဒါက နည်းနည်းလေးတော့ စည်းကမ်းမရှိတဲ့ပုံစံဖြစ်နေတယ် ။ သို့ပေမယ့် မတတ်နိုင်ပေ။ သူအရမ်းကိုပင်ပန်းလို့ လှဲချပြီးနားချင်နေတာဖြစ်သည်။

"သား ယွီယွမ် အရမ်းပင်ပန်းနေတာလား''

"အင်း ''

လုသခင်ကြီး မေးလာတာမို့ လှဲနေရာက ထထိုင်ကာ ပြုံးပြုံးလေးဖြေလိုက်သည်။

သူ တကယ် ပင်ပန်းနေတယ် အရင်ကမ္ဘာကပြီးပြီးချင်း Space ထဲ ခဏပဲနားလိုက်ရတယ် ။ အဲ့ဒီ Kitty က ရုပ်ချောသလောက် အပေါက်အလမ်းဆိုးတယ် ။ သူ့ကို ချက်ချင်း နောက်ကမ္ဘာတစ်ခုကို တန်းပို့ပစ်တယ် ။

Kitty မှာ ရောက်ရောက်ချင်း ကြားလိုက်ရတဲ့ သခင့်စိတ်ထဲက အသံကြောင့် နှာခေါင်းရှုံ့လိုက်သည်။

' သခင်က တော်တော်ပလီပလာတွေးတာပဲ  အစ်ကိုရိပေါ်ကြားရင် သတ်ခံရအောင် တမင်တကာ ငါ့ကို ကျိန်ဆဲနေတာလားပဲ သူပဲ ရွပိုးထပြီး အတင်းသွားချင်နေတာများ ငါလေးက မသိရင်ခက်မယ် '

"သား နားတော့လေ မနက်ဖြန်မှ ပါးပါးနဲ့ စကားပြောကြရအောင် ''

"ဟုတ် ပါးပါး ''

လုသခင်ကြီးစကားအဆုံး၌ ရှောင်းကျန့်က မျက်နှာကို အပီအပြင်မှိုင်ကာ အပေါ်ထပ်က အခန်းရှိရာသို့ လစ်ခဲ့တော့သည်။

လုသခင်ကြီးမှာလည်း သူ့သားလေးပုံစံကြောင့် နှလုံးသည်းပွတ်လေးနာကျင်စွာပင် သက်ပြင်းချလိုက်သည် ။

ယွီယွမ်က လီဖုန်းကို သဘောကျနေတာ သူသိပါသည် ။ ထိုနည်းလည်းကောင်းပါပဲ ယွီရန်ကလည်း လီဖုန်းကို သဘောကျနေခဲ့သည်။

ဒါ့ကြောင့် ယွီယွမ် နဲ့ လီဖုန်းရဲ့ မင်္ဂလာပွဲမှာ သူမက အခန်းအောင်းနေတာ မဟုတ်ပါလား...။

ခေတ်ကာလက သားသမီးတွေက သိပ်ကိုခက်တာပါလား...။

...............

" ယွီယွမ်... ''

Knock.. Knock...

"ယွီယွမ်.. ငါဝင်လာပြီနော် ''

Peculiarly System [Completed ]Where stories live. Discover now