Arc(6.12)End

6.5K 655 23
                                    

မနက်ခင်းမှာနိုးထလာတဲ့ သူတို့၃ယောက် သည် ပတ်ဝန်းကျင်ကို အကဲခတ်ကြည့်လိုက်တော့ ဆိပ်ကမ်းကိုပြန်ရောက်နေတာကိုသိလိုက်ရသည်။

ရှဲ့လီဖုန်းနဲ့ ယွီရန်သည် Kitty ဆိုတဲ့သူအားလိုက်ရှာကြည့်နေကြပေမယ့် ယွီယွမ်က တည်ငြိမ်စွာပင် နေရောင်ခြည်ကိုခံစားနေသည်။

" ရှာမနေနဲ့တော့ တွေ့မှာမဟုတ်ဘူး ''

ယွီယွမ် စကားကြောင့် လီဖုန်းနဲ့ ယွီရန်က နားမလည်တဲ့မျက်ဝန်းတွေနဲ့ကြည့်လာသည်။

" သူပြန်သွားတာငါတွေ့လိုက်တယ် ကဲ ငါတို့ အိမ်ပြန်ကြရအောင် ''

" အင်း အဲ့တာဆိုလည်း ပြန်ကြရအောင် ''

ယွီရန်ကတော့ လှည့်ကြည့်လှည့်ကြည့်လုပ်နေရင်း လီဖုန်းတို့နောက်ကနေလိုက်လာခဲ့သည်။

...........

နောက်၁ပတ်အကြာမှာ သူတို့နှစ်ဦး လက်ထပ်ပွဲကိုအောင်မြင်စွာ ကျင်းပနိုင်ခဲ့ပြီး အကြင်လင်ခင်ပွန်းဘဝသို့ ပြောင်းခဲ့ကြသည်။

" ယွီယွမ် !!!  ''

" ဘာလဲဟ လန့်တာ ''

ရှောင်းကျန့်အနေနဲ့ ထိုကဲ့သို့ ချိုသာတဲ့ငှက်ဆိုးသံကြောင့် အမှန်တကယ်ပင် လန့်သွားရသည်။ ကြည့်လိုက်တော့ မျက်နှာသေနဲ့ မိုးကျရွှေကိုယ် မစ္စတာ ရှဲ့လီဖုန်း ခေါ် သူ့ရဲ့ သဝန်တိုတတ်လွန်းတဲ့ လင်တော်မောင်အိမ်ဦးနတ်ကြီးကိုမြင်လိုက်ရသည်။

*သူက ဘာဖြစ်နေတာလဲ*

တစ်ကိုယ်လုံးကို မျက်နှာသေနဲ့ စိုက်ကြည့်နေတဲ့ အတွက် ဘာများလဲလို့ အမြန်စဉ်းစားလိုက်သည် ။

*ဒါပေမယ့် ငါဘာမှ အမှားလုပ်မထားပါဘူး၊ ဒါဆို ဘာလို့ပါလိမ့် ၊ ဧကန္တ ငါအရမ်းချောနေလို့ ဒီကောင် မနာလိုတိုရှည်ဖြစ်နေတာများလား ။ဟိဟိ*

လီဖုန်းသည် သူ့ရှေ့က နူတ်ခမ်းစူကာ စဉ်းစားနေရင်း ရုတ်တရက် ရယ်သံ သေးသေးလေးနဲ့ ပြုံးရယ်လိုက်သူကြောင့် ဘာများလဲလို့ အလိုမကျဖြစ်သွားရသည်။

" ဘာရယ်တာလဲ ''

" ဟမ် အာ ရယ်မိလို့လား ''

မျက်နှာပြောင်တိုက်ကာ ခပ်တည်တည်နဲ့ မေးလာတဲ့ ဒီလူသားလေးက သူ့ဘက်ပဲ ချစ်တဲ့မျက်စိနဲ့ကြည့်နေမိလို့လားမသိပေမယ့် အသည်းယားစရာကောင်းတဲ့အပြင် အချိန်တိုင်းဖက်နမ်းပြီး သိမ်းထားချင်စရာဖြစ်နေသည်။

Peculiarly System [Completed ]Where stories live. Discover now