Arc(3.12)

7.1K 683 2
                                    

"စိတ်အေးအေးထားပါ ''

Lucas က ဒယ်ဒီ့ စကားကိုကြားတော့
နွေးထွေးစွာ ပြုံးလိုက်သည် ။

နှစ်ဖက်မိဘတွေကို တွေ့ဖို့ Jason က
စီစဉ်ခဲ့တာဖြစ်ပြီး အခု သူတို့သားအဖ Restaurant ရှေ့မှာ ရပ်နေတာဖြစ်သည်။
Jason ကလည်း သူ့မိဘတွေနဲ့ ရောက်နေပြီ ဆိုတဲ့အကြောင်းကို ပြောပြထားပြီမို့
Lucas အထဲကိုဝင်ရန် ရင်ခုန်နေရသည်။

Jason မိဘတွေက သူ့ကို လက်ခံပါ့မလား တွေးမိတော့ မျက်နှာညိုးရပြန်သည်။

အမျိုးမျိုးသော မျက်နှာထားတွေဖြစ်ပေါ်နေသည့် သားဖြစ်သူကို Lucas's Daddy က ခပ်ဖွဖွလေး ခေါင်းကို ပုတ်ပေးလိုက်သည်။

"အဆင်ပြေသွားမှာ ဘာမှမဖြစ်ပါဘူး ဟုတ်ပြီလား Jason လေးရဲ့မိဘတွေက သားကို သဘောကျမှာပါ ''

"ဟုတ် ''

Lucas လည်း သက်ပြင်းချကာ အဖေဖြစ်သူနဲ့အတူ Restaurant ထဲဝင်ခဲ့သည်။

အနည်းငယ် လျှောက်လှမ်းပြီး ချိန်းထားသည့် VIP ခန်းရှေ့ကိုရောက်လာသည်။
သားအဖနှစ်ယောက် အထဲဝင်လာတော့
Jason က ပြုံးပြသည် ။ Jason မိဘနှစ်ပါးကတော့ Lucas ကို  ခေါင်းအစခြေအဆုံး အကဲခတ်သည်။

"မင်္ဂလာပါ ကျွန်တော်က Lucas ပါ ''

ရှောင်းကျန့်ကတော့ ချစ်သူရဲ့ အူကြောင်ကြောင်နိုင်မှုအပေါ် ရင်ထဲကနေ ကြိတ်ခွီးနေသည်။ အလားတူ Lucas အဖေကလည်း ရယ်ချင်သလို မျက်နှာကို ထိန်းချုပ်ထားရသည် ။

"သားကလူလိမ္မာလေးပဲ ကဲ စားကြရအောင် ကြိုက်ပါ့မလားမသိပေမယ့် အကောင်းဆုံးတွေကိုပဲ ပြင်ဆင်ခိုင်းထားတယ် ''

"မဟုတ်တာ ဒီလောက်ထိ ဖွယ်ရာနေပြီပဲ ကျေးဇူးပါဗျာ ''

Jason 's Father ကပြောလာသည်မို့ Lucas အဖေကလည်း အားနာစွာနဲ့ လောကွတ်ပြုသည်။
ထို့နောက် ညစာစားခြင်းအလုပ်ကိုစတင်ရင်း စကားစမြည်ပြောကြသည်။

Lucas နဲ့ Jason ရဲ့ နှစ်ဖက်မိဘတွေ့ဆုံပွဲက အောင်မြင်စွာ ပြီးစီးသွားသည်။

------===------

"မင်္ဂလာပွဲကို ဒီလကုန် Show ပွဲအပြီးမှာ ကျင်းပဖို့ စီစဉ်ထားတယ် သားအဆင်ပြေရဲ့လား ''

Peculiarly System [Completed ]Where stories live. Discover now