Arc(13.4)

1.8K 205 2
                                    

ဇိုဝီဂါဘရီရယ်လ်က ကုမ္မဏီက မပြီးပြတ်သေးတဲ့အလုပ်တွေကို နားရက်မှာလည်း ဆက်လက်လုပ်ဆောင်နေရသည်။

ဒါ့ကြောင့်လည်း ကြောင်ကလေးလို အမြဲတမ်းကပ်ချွဲပြီး မုန့်ဖိုးတောင်းတတ်သော မောင်လေးခရစ်စတန်ကိုသတိမထားမိပေ။

" ဇိုဝီ ''

" ဟုတ်ကဲ့ မာမီ ''

" ခရစ်စတန်အိမ်ပြန်လာသလား ''

" ဟင်''

သူမ၏မျက်ခုံးတန်းတွေက မာမီ့စကားကြောင့် တွန့်ကျိုးသွားရသည်။

မောင်လေးက အိမ်မပြန်လာဘူးပေါ့။
ဘယ်တွေသွားနေတာလဲ ။

" မာမီ.. အခုတလောမှာ မောင်လေးက ကျွန်မဆီမလာဘူး ၊ အပြင်က သူ့သူငယ်ချင်းတွေနဲ့များလျှောက်ပြီးခရီးတွေထွက်နေသလားမှမသိတာ မာမီရယ် ''

" အဲ့ဒါဆိုရင် မာမီ့ဆီကလည်း မုန့်ဖိုးတောင်းမသွားဘူးလေ ''

" ဒယ်ဒီ့ဆီကတောင်းသွားတာရောမဖြစ်နိုင်ဘူးလား''

" မဖြစ်နိုင်ဘူး ၊ သမီးရဲ့ ဒယ်ဒီကိုယ်တိုင်က ခရစ်စတန်လေး သူ့ဆီရောက်မလာလို့ မာမီကို မေးနေသေးတာ ''

" ဒါဆို ခရစ်စတန်လေးပျောက်နေတာပေါ့?''

ဇိုဝီက ချက်ချင်းပင်ထရပ်လိုက်ပြီး အပြင်ကိုထွက်သွားတော့သည်။

" မာမီစိတ်ချ မောင်လေးကို ကျွန်မသွားရှာလိုက်မယ်''

ဆိုတဲ့စကားကို မစ္စဂါဘရီရယ်လ်က ခေါင်းလေးတဆတ်ဆတ်ညိတ်ရင်း မျက်ရည်လေးတွေဝဲလို့။

သူမတို့၏ အသည်းအသက်လေး ဘာမှ မဖြစ်ပါစေနဲ့ ဘုရားသခင်လို့ မြည်တမ်းရင်း။

.........

" အသည်း ''

ဂျိုလိုဒေးဗစ်ရဲ့ခေါ်သံကြောင့် ခရစ်စတန်က မျက်စောင်းအကြီးအကျယ်ထိုးကာ စောင်နဲ့လုံးထွေးပြီး ကုတင်ပေါ်မှာလှဲနေရက်သားကနေ ကျောပေးလိုက်သည်။

ဒီဂျိုလိုဒေးဗစ်က မဟုတ်သေးပါဘူး ။
အိမ်ကိုပြန်မပို့ဘဲ ဒီလိုကြီး တစ်သက်လုံးသူ့ကိုနေသွားခိုင်းဖို့ စိတ်ကူးထားတာများလား။

Peculiarly System [Completed ]Where stories live. Discover now