Arc(6.11)

5.3K 587 19
                                    

ရှဲ့လီဖုန်း နဲ့ Kitty သည် လီကျင့်ရွှမ်၏ သင်္ဘောပေါ်သို့ ခိုးကြောင်ခိုးဝှက် တက်လာခဲ့ကြသည်။

" ဟေ့ ငါတို့ ဘာဆက်လုပ်ကြမလဲ ''

ရှဲ့လီဖုန်း မေးခွန်းက Kitty ကို သွေးတက်ကာ မေ့လဲမတတ်ဖြစ်သွားစေသည်။

ဘာတဲ့ ဒီလောက်ကူညီပေးထားကို အခုထိ သူများကို အားကိုးတုန်းပဲလား.. ။

ငပျင်း ငှက်ပျောသီး စားမလားဆိုရင် အခွံနွှာပြီးသားလားဆိုတဲ့ လူစားမျိုး ။

" သွားလေ ကိုယ့်ချစ်သူကို ကယ်ပေါ့ ကျွန်တော်က ဘာလုပ်ပေးရအုန်းမှာလဲ တော်ရောပေါ့ ဒီလောက်ကူညီပေးထားတာပဲဆိုရင် ''

" မင်း ဘယ်မှမသွားနဲ့နော် ငါ ယွီယွမ်ကို ကယ်ပြီးရင် ဒီနေရာကို ပြန်လာမယ် မင်းက စောင့်နေ ''

"Okay Okay.. အမြန်သွား ''

" အင်း စိတ်ချမယ်နော် ''

"....''

'ငါက သင်္ဘောပေါ်မှာ ဂျွမ်းထိုးနေမယ့်ရုပ်လား စိတ်ချမယ်နော် တဲ့ မသိရင် ငါက ဗရမ်းဗတာတွေ လုပ်မယ့်အတိုင်းပဲ ။'

Kitty စိတ်ထဲကနေ တွေးလိုက်သည်။
ထို့နောက် သက်ပြင်းချကာ ပုံစံ ပြန်ပြောင်းလိုက်သည်။

သူ ဒီနေ့ စွမ်းအာကျဆင်းနေပြီဖြစ်သည် ။ လူတစ်ယောက်လို လုပ်ပြီး ဝင်ကစားတာက System တွေအတွက် တားမြစ်ထားတဲ့ အချက်ဖြစ်သည် ။  ယခု သူက ထိုအချက်ကို ဖောက်ဖျက်မိသွားသည်။ အဲ့ဒီ အတွက်အကျိုးဆက်အနေနဲ့ Space ထဲပြန်ရောက်ရင် အပြစ်ဒဏ်ခံရမည်​ဖြစ်သည်။

အလွန်လှပပြီး ကျက်သရေရှိတဲ့ ကြောင်ကလေးက အခုတော့ ကြောင်ပိန်ကြောင်နာကြောင်အိုနာကျိုးကန်း ကြောင်ဘိုးတော် ကြောင်သူတောင်းစား ကြောင်ဝဲစားနဲ့တူနေလေပြီဖြစ်သည်။

ထိုနေရာ၌ အိပ်ပျော်နေတဲ့ Kitty က အားနည်းနေပြီ မို့ ကိုယ်ထည်လေးအား ဘယ်သူမှ မမြင်ရတော့ပေ။

.................

လီကျင့်ရွှမ်က  မိန်းမလှလေးတစ်ယောက်ကို ကြိုးတွေနဲ့တုပ်ထားရာကနေ ဖြည်ပေးလိုက်သည် ။

Peculiarly System [Completed ]Where stories live. Discover now