Arc(6.1) LuYuYuan

7.8K 717 15
                                    

Space ထဲတွင်

"Kitty ငါပင်ပန်းတယ်ကွ သိလား ''

Kitty က 'အင်း' မလာ 'အဲ ' မဖြေ မို့ ရှောင်းကျန့်က စိတ်မရှည်စွာ ကြည့်လိုက်တော့

အဖြူရောင် နတ်သားလေးတစ်ပါး တကယ်တော့ ဒါဟာ Kitty ပါပဲ။

"Wowww.. ^o^... Kitty မင်းက ဘာလား ''

"ကျွန်တော်က နတ်သားလေ ''

စကားအဆုံး ပါးတွေရွဲ့ပြနေသည့်သခင်ကြောင့် ရယ်သွေးသွမ်းကာထပ်ပြောလိုက်ရသည်။

'အာပလာကြီး မယုံလည်းနေပေါ့ '

"အဟဲ နောက်တာပါ သခင် နောက်တစ်ကမ္ဘာအဆင်သင့်ဖြစ်နေပြီ သွားတော့မလား ''

"အင်း ခဏ.. ခဏလေး ငါမေးစရာရှိလို့ ''

"ဟုတ် ပြောပါ သခင် ''

"မင်းက အခုလို ပုံစံ နဲ့ ငါ့နောက်လိုက်ခဲ့လို့မရဘူးလား ''

"အမ်...ဟုတ် မရပါဘူး ကျွန်တော်က ပုံရိပ်လေးပဲရှိသေးတာ မယုံရင်သခင်ကိုင်ကြည့်လေ ''

Kitty က အရှေ့မှာရပ်လိုက်ရင်းပြောသည်မို့ ရှောင်းကျန့်က လက်ကို ဆန့်ကာ kitty မျက်နှာကို ကိုင်ကြည့်လိုက်သည်။

လေထုကို လက်က ဖမ်းဆုပ်မိတာကြောင့် Kitty က ပုံရိပ်တစ်ခုဖြစ်မှန်းသိလိုက်ရသည်။ ဒီလိုသာဆို Kitty လည်းသူ့လိုပဲ အငှားခန္ဓာယူရမည်ဖြစ်သည်။ မဟုတ်ရင် သူ့အနေနဲ့ Kitty ကိုမမြင်ရသလို Kitty ပြောတာကိုလည်းကြားရမည်မဟုတ်ပေ။

"မင်းကဘယ်လိုလုပ်မှ ''

"အခု ကျွန်တော် update မြင့်ရမယ် သခင် ဒါပေမယ့် အမှတ်ကမလုံလောက်သေးဘူး
အာ သခင့်အတွက် Gift ရထားသေးတယ်
ဒီမှာ ''

Kitty စကားအဆုံး ရှေ့မှာ သေတ္တာ တစ်ခုပေါ်လာသည် ။
ရှောင်းကျန့်က စိတ်ဝင်တစားဖြင့် လက်ဖြင့်ထိလိုက်တဲ့အခါ သေတ္တာကပွင့်သွားပြီး ထီးတစ်ချောင်းပေါ်လာသည်။

"Kitty ဒါကြီးက ငါဘာလုပ်ရမှာလဲ ''

"အော် ထီးပါဆို ဆောင်းဖို့ပေါ့ဗျ ဘာလဲ ထီးဆောင်းနည်းပါပြောပြရမှာလား ''

" ဒါပေမယ့် ငါက လိုမှမလိုတာ ''

"မလိုလည်း သိမ်းထားလေဗျာ ပိုတယ်ဆိုတာမရှိပါဘူး ''

Peculiarly System [Completed ]Where stories live. Discover now