Arc(6.9)

5.3K 631 28
                                    

" ယွီယွမ် ''

အခန်းထဲကို ဝင်လာတဲ့ လီကျင့်ရွှမ်က ဆွဲဆောင်မှုရှိရှိခေါ်လာသည်။ ဒါပေမယ့် ရှောင်းကျန့်က စိတ်တိုနေတဲ့ပုံစံနဲ့မဟုတ်ဘဲ နားမလည်တဲ့ပုံစံလေးနဲ့ပြန်ကြည့်သည်။

"ကျင့်ရွှမ် မင်း ဒါဘာလုပ်တာလဲ ငါ့ကို ဘယ်ခေါ်လာတာလဲ ''

သခင် သရုပ်ဆောင်တာတော်ချက်ပဲ

Kitty က ချီးကျူးလိုက်သည်။

" ယွီယွမ် ကိုယ်မင်းကို ခိုးပြေးလာတာ မင်းဘယ်လိုမှ ကိုယ့်ကို ငြင်းလို့မရတော့ဘူး ''

"မင်းကရူးနေတာပဲ ကျင့်ရွှမ် ''

ယွီယွမ် စကားကို ကြားတဲ့အချိန်မှာ အရမ်းဟာသမြောက်တဲ့ ပျက်လုံးတစ်ခုကိုကြားရသလို လီကျင့်ရွှမ်က တဟားဟား ထရယ်သည်။

"ဟုတ်တယ် ကိုယ်ကရူးနေတဲ့အရူးတစ်ယောက် အဲ့ဒီ အရူးကောင် ကို မကြာခင်မှာပဲ မင်းက လက်ထပ်ရမယ် မင်းကအရူးရဲ့လင်ဖြစ်လာမှာ ''

" လီကျင့်ရွှမ် ဘာလို့ ငါ့ကို အခုလိုမျိုး ဖမ်းချုပ်ချင်နေ တာလဲ ငါ့ကို လွှတ်ပေးပါ နော် ငါတို့က သူငယ်ချင်းတွေလေ ''

"ဟုတ်တယ် အဲ့တာက အရင်တုန်းက အခုတော့ ဘယ်လိုလုပ်မလဲ ငါက မင်းနဲ့ သူငယ်ချင်း မဖြစ်ချင်ဘူး မင်းရဲ့အိမ်ထောင်ဖက်ဖြစ်ချင်တာ ''

"ကျင့်ရွှမ် မဖြစ်နိုင်တော့ဘူးလေ ငါက ရှဲ့လီဖုန်းနဲ့ လက်ထပ်မှာ ငါ့မှာ သူနဲ့ ရထားတဲ့ ကိုယ်ဝန်ရှိနေပြီလေ ''

လီကျင့်ရွှမ်က ထိုစကားကြောင့် အနည်းငယ် ငြိမ်သက်သွားသည် ။
တွေဝေနေပုံရတာမို့အားတက်စွာ ထပ်ပြောဖို့ ပါးစပ်ဟလိုက်ပေမယ့် လီကျင့်ရွှမ်က ပိတ်ပင်လိုက်သည်။

" ငါက အဲ့တာတွေနဲ့ ချော့ပြောလည်းနားထောင်မယ့်သူမဟုတ်ဘူး ယွီယွမ် အနားယူလိုက်ပါအုန်း..ညကျရင် မင်းနဲ့ ကိုယ့်ရဲ့ မင်္ဂလာပွဲ ကျင်းပဖို့ ရှိတယ် ''

"......''

အိပ်ယာပေါ်ကို အသာလှဲချပေးပြီး သူ့ကို နှပ်သွားသော လီကျင့်ရွှမ်က တစ်ခြမ်းစောင်းအပြုံးကြီး နဲ့ အခန်းထဲကနေ ထွက်သွားလေသည် ။

Peculiarly System [Completed ]Wo Geschichten leben. Entdecke jetzt