Arc(11.6)

2.7K 368 18
                                    

လိမ္မော်ပင်အနီးက ခုံတန်းလေးမှာ ထိုင်ပြီး တွေဝေနေသော စိုင်းခမ်းကို ကြည့်ကာ စဝ်ခွန်စိုင်း၏ မျက်နှာက အော်တိုမက်တစ် ရှုံ့တွရွဲ့မဲ့သွားသည်။

သောက်မြင်ကတ်စရာ ကောင်းလိုက်တာ ။

" စိုင်းခမ်း ''

" အော် ယောက်ဖတော်က ဘာပြောမလို့လဲ ''

ခွန်စိုင်း၏ မျက်နှာက ချက်ချင်းပင် ပုပ်သိုးမှောင်မဲသွားကာ သက်ပြင်းတစ်ချက်ချရင်း စိုင်းခမ်းကို ကြည့်နေမိသည်။

ဘယ်နှယ့် ငါ့ကိုယောက်ဖတော်လို့လာခေါ်နေတာလဲ။ အော်.. မေ့နေတာ... ဟုတ်သားပဲ သူ့အစ်မက ငါနဲ့ ထိမ်းမြားထားတာဟ။

စဝ်ခွန်စိုင်းက တစ်ယောက်တည်း မျက်မှောင်ကျုံ့လိုက် စုလိုက်နဲ့ ၃ကြိမ်၄ကြိမ် လောက်ပြုပြီး စကားပြန်စသည်။

" အစောအနားကို သိပ်မကပ်နဲ့...ကျုပ်သဘောမကျဘူး ''

" ကျုပ်ကသဘောကျတယ်လေ ''

ဒီဖေ..စိုင်းခမ်း စိုင်းခမ်း..သက်သက်မဲ့ ငါ့ကို သွေးတိုးစမ်းနေတာလား ။

" .......''

စဝ်ခွန်စိုင်း၏ ဖြစ်ပျက်နေပုံကိုကြည့်ပြီး စိုင်းခမ်းက မဲ့ပြုံးလေးကို ချိတ်ဆွဲလျက်...

" ယောက်ဖတော်က မသိသေးဘူးကိုး ... လတ်ကလေ ယောက်ဖတော်ကို မချစ်ဘူးဗျ ''

" ဘာ!!''

စဝ်ခွန်းစိုင်းက ရှမ်းရွှေတောင်တွေ ရှုးရှဲလက်ဖက်တွေဖြစ်သွားတာမို့ စိုင်းခမ်းက သဘောတကျ ဟက်ခနဲ ရွဲ့စောင်းကာ ရယ်ပြသည်။

" ဟုတ်တယ်... ယောက်ဖတော်ရဲ့ ၊ လတ်ကဘယ်သူ့ကိုချစ်နေတာလဲဆိုတာ ကျုပ်ပြောရမလား''

" ဘာလဲ မင်းကိုယ်တိုင်ပါလို့ ပြောမလို့မလား.. ''

" မဟုတ်ပါဘူး ''

" ဟမ် ဒါဆို ဘယ်သူလဲ ''

စဝ်ခွန်စိုင်းက ပို၍ မဲမှောင်လာသောမျက်နှာထားက သိချင်နေတဲ့ မေးခွန်းအား ခပ်လောလောကြားချင်ပုံပင်။

" ခင်ဗျားရဲ့ ညီ.. စဝ်ခွန်ချိုင်က လွဲပြီး ဘယ်သူရှိမလဲ ''

" ဘာ!!''

Peculiarly System [Completed ]Where stories live. Discover now