Arc(6.7)

5.6K 650 14
                                    

"ကျင့်ရွှမ် စားမကောင်းဘူးလား ''

"ဟင့်အင်း ကောင်းတယ် ငါက ဗိုက်သိပ်မဆာလို့ ''

" ဒါဆို ငါတို့ အပင်အောက်က ခုံတန်းလေးမှာ ထိုင်ကြရအောင် ''

ကန်တင်းကနေ ၂ယောက်သားထွက်လာခဲ့ကြပြီး ကျောင်းပန်းခြံအနားက အပင်အောက်ကို လျှောက်လာခဲ့ကြသည်။

မျက်မှန်အဝိုင်းလေး၏ အောက်က မျက်ဝန်းတွေ မှိုင်နေတာကို ရှောင်းကျန့်က သတိထားမိသည် ။

" ပြဿနာတစ်ခုခုရှိလို့လား ဘာဖြစ်တာလဲ ငါ့ကို ပြောလို့ရတယ်နော် ''

ယွီယွမ်က အပြုံးလေးနဲ့ ပြောလာခဲ့တယ်။
လီကျင့်ရွှမ်က ဒီအပြုံးတွေကို ပိုင်ဆိုင်ဖို့
တစ်စတစ်စနဲ့ အတ္တပိုကြီးလာတယ်။

"ဟင့်အင်း ဘာမှမဖြစ်ပါဘူး ငါ..''

လီကျင့်ရွှမ်က ထငိုလာသည့် အတွက် ယွီယွမ်က ရင်ခွင်ကို ငှားပေးလိုက်သည်။

လီဖုန်းက ဒီလူသားနဲ့ပတ်သတ်မှာကို မလိုလားတဲ့အတွက် ယွီယွမ်ကို အနေအထိုင် ဆင်ခြင်ခိုင်းသည်။ ဒီနေ့မှ လီဖုန်းက မင်္ဂလာပွဲနဲ့ပတ်သက်ပြီး အလုပ်ရှုပ်နေတာကြောင့် သူ့အတွက်လွတ်လပ်နေခြင်းဖြစ်သည်။ ယွီယွမ်အနေနဲ့ လီဖုန်းက ဘာ့ကြောင့် ဒီလို ခပ်တုံးတုံးခပ်အအ စာကြမ်းပိုးလေးနဲ့ လိုက်ပြီး သဝန်တိုနေရသလဲ မစဉ်းစားတတ်တော့ပေ။

" ဘာတွေဖြစ်နေတာလဲ ကျင့်ရွှမ် မင်းဘာ့ကြောင့်ခံစားနေရတာလဲ ငါ့ကို ပြော ''

" ငါ ငါ အသည်းကွဲနေတာ ''

"ဟမ် မင်းက? "

ဘယ်အချိန်က ရည်စားထားပြီး ဒီကောင်အသည်းကွဲသွားရတာလဲ လို့ ဦးနှောက်ကို အပြေးအလွှားပင် အလုပ်ပေးကာ သူစဉ်းစားနေလိုက်သည်။

"စာကြမ်းပိုးက ငါမသိအောင် ရည်းစားခိုးထားတာပေါ့လေ ''

" မင်းထင်ချင်သလိုထင်ပါကွာ ''

ဒီရင်ငွေ့က ခပ်နွေးနွေး လေးမို့ ကျင့်ရွှမ်က အတ္တကြီးတယ် ဆိုတာ မဆန်းကျယ်ပေ။

" တော်တော်ပျော်နေကြတယ်ပေါ့ ဟုတ်လား ''

ဒေါသကြီးစွာ ထွက်ပေါ်လာတဲ့ လီဖုန်းရဲ့ စကားသံအဆုံးမှာ ယွီယွမ်ရဲ့ လက်တွေက ကျင့်ရွှမ် ကျောပေါ်မှာ ပုတ်ပေးနေရင်း ရပ်တန့်သွားသည် ။

Peculiarly System [Completed ]Where stories live. Discover now