Arc(7.2)

5.6K 668 16
                                    


" အာ ဒါ ကီကိုရဲ့ ကြောင်လေးပါ Kitty တဲ့ သူ့ကို ကြည့်လေ ဒီလောက်သန့်ပြီး ချစ်ဖို့ကောင်းနေတဲ့ဟာကို ဘယ်လိုလုပ်ရောဂါရှိရမှာလဲ.. ကြောင်ရူးပြန်ရောဂါဆိုတာ တကယ် မရှိဘူးမလား ဆရာ ''

ရှောင်းကျန့်က အတွန့်တက်တဲ့အခါ ဆရာက မျက်နှာထားတင်းတင်းနဲ့ မေးလာပြန်သည်။

" သူ့ကို ဘယ်ကခေါ်လာတာလဲ ပိုင်ရှင်ရှိတယ်ဆိုရင်ဘယ်လိုလုပ်မလဲ ကီကို ''

" ကီကိုဖမ်းလာတာမဟုတ်ပါဘူး သူက ကီကိုရဲ့ကြောင်လေးပါဆို ''

ရှောင်းကျန့်မှာ မျက်နှာတည်တင်းကာ ကြည့်နေတဲ့ ဒီဆရာကို အသက်ကန်တော့ပြီး ထုနှက်ချင်လာသည်။

'Kitty က System ကပေးတာပါ System ဆိုတာ ဒီကမ္ဘာထဲ ကို ကျွန်တော့်ကို ထည့်ပေးလိုက်တဲ့ ဘာမှန်းမသိတဲ့ဟာကြီးပါ အဲ့လိုပြောရမှာလား... '

ရှီဇုခုကလည်း ကြောင်လေးအား အတင်းပွေ့ကာ မိမိအား နူတ်ခမ်းလေးထော်ပြီး ရှင်းပြလာတဲ့ကောင်လေးအား အသည်းယားနေမိသည်။ ဒါပေမယ့် ဒီကြောင်ကို တစ်ခါမှ ဒီအိမ်ကြီးထဲမှာ မမြင်ဖူးပေ ။

'Kitty ဆိုပါလား နာမည်ကပေးထားလိုက်သေး ဒီကလေးပေါက်စနဲ့တော့ '

" ကီကိုက ပိုင်ရှင်ဆိုတာ ဆရာဘယ်လိုယုံကြည်ရမှာလဲ ''

" .....''

' Kitty ငါဒီဆရာကို ထုလိုက်ရတော့မလား ဟမ် '

' ဟုတ်တယ် ကျွန်တော်လည်းအမြင်ကပ်နေပြီ '

' အဲ့တာထားပါ အခု ငါဘာပြောရမလဲ '

' ပြောချင်တာပြောလိုက် ''

စဉ်းစားနေပုံရတဲ့ ကလေးပေါက်စကြောင့် ရှီဇုခုက ပြုံးလိုက်သည် ။

" ပြောလေ ကီကို ဘာတွေစဉ်းစားနေတာလဲ ''

" ဟွန့် ..အဲ့တာဆို ...ဆရာက သူ့ကိုခေါ်ကြည့်လေ ''

" ဟုတ်ပြီ ''

"ခေါ်ကြည့်လို့လိုက်ရင် ကီကိုရဲ့ ကြောင်လေးမဟုတ်ဘူး မရရင်တော့ ကီကိုရဲ့ ကြောင်လေးလို့သတ်မှတ်ပေးရမယ် ''

" ကောင်းပြီ ''

" kitty မင်းက ငါ့ကြောင်လေးပဲ ဒါ့ကြောင့် ဒီဆရာခေါ်တာကိုမလိုက်ရဘူးနော် ''

Peculiarly System [Completed ]Where stories live. Discover now