Arc(11.5)

2.9K 393 15
                                    

" စောမင်းလတ် ''

အိမ်ရှေ့က ပေါင်းမြက်ပင်တွေနူတ်နေတဲ့ စောမင်းလတ်က ခေါ်သံကြောင့် လှည့်ကြည့်လိုက်ပြီး ပြုံးပြုံးလေးမေးလိုက်သည်။

" ဗျာ..ဒေဝီ ကျွန်တော့်ကို ခိုင်းစရာရှိလို့လား ''

နန်းခမ်းကလျာက စောမင်းလတ်ကို လှလှပပလေး ပြုံးပြလိုက်ပြီး

" ဒီလိုပါ... ကျွန်မမောင်လေးက ခရီးပင်ပန်းပြီးဖျားနေတာ စောမင်းလတ်က.. ''

" အော်... ဆေးသမားတော်ကိုခေါ်ပေးရမှာလား ''

နန်းခမ်းကလျာရဲ့ စကားကို စောမင်းလတ်က ဖြတ်ပြောလိုက်ပြီး ထွက်သွားရန်လုပ်တော့ သူမက ဆွဲထားပြန်သည်။

" နေပါအုံး... ကျွန်မပြောချင်တာက စိုင်းခမ်းအနားမှာ အဖော်ပြုပေးပါလို့ ''

" ဗျာ ''

နန်းခမ်းကလျာက လှော်ပေးနေတာပေါ့လေ။
အင်း... သိပ်တော့ မသိသာပါဘူး.. အတူးနံ့လေးထွက်နေရုံပါပဲ။

စိုင်းခမ်း၏ ရွှေဉာဏ်တော်စူးတဲ့ အကြောင်းကို တွေးမိတော့လည်း ရှောင်းကျန့်က ပြုံးချင်ချင်ရယ်။

အချစ်နဲ့ပတ်သတ်လာတဲ့အခါ သူ့အရှင်ဝမ်က ငတုံးကြီး ဖြစ်သွားပါရောလား။

ဒီလိုနဲ့ပဲ ရှောင်းကျန့်လေးက စိုင်းခမ်း၏ အဆောင်ဘက်ကို ထွက်လာခဲ့ရသည်။

" အစော...''

သောက်ကျိုးနည်းမှုက ကံခေလွန်းတဲ့ ငါ့ဆီပဲ အခွန်မဆောင်ရတိုင်း အလုအယက်လာနေတာပဲနော်။

" အာ..အရှင် ''

ခွန်စိုင်း၏ မျက်မှောင်တို့က ကျုံ့သွားပြီး အစောကို အကဲခတ်နေမိသည်။

" ဘယ်သွားမလို့လဲ အစော ''

" သခင်လေးစိုင်းခမ်း ကို ဧည့်ဝတ်ပြုဖို့ မယ်မယ်ကြီးက မှာလိုက်လို့ပါ... အဲ့တာသွားမလို့ ''

" အင်း... အဲ့ဒီစိုင်းခမ်းဆိုတဲ့ကောင်နဲ့ တအားမရင်းနှီးနဲ့နော် အစော..ကိုယ်မကြိုက်ဘူး ''

" ဟုတ်.. ဟုတ်ကဲ့အရှင် ''

ခွန်စိုင်းသည် စိတ်အေးသွားသလို ခေါင်းလေးတစ်ချက်ညိတ်ပြကာ ထွက်သွားမှ ရှောင်းကျန်လေးလည်း ဒရောသောပါး စိုင်းခမ်းအဆောင်ကို လာခဲ့တော့သည်။

Peculiarly System [Completed ]Where stories live. Discover now